21

4.3K 478 57
                                    

Zawgyi

21

ကုတင်ပေါ်မှာ သတိမေ့ပြီး လဲလျောင်းနေတဲ့ ဝမ်လေးရဲ့ မျက်နှာဟာ ဖြူရော်နေတာပဲ။ ဝမ်းဗိုက်ပိုင်းနှင့် ဘယ်ဘက်လက်မောင်းမှာ ဓားဒဏ်ရာရထားတဲ့ ဝမ်လေးကိုကြည့်ပြီး သူရင်ထဲမှာ ဘယ်လိုမှမခံစားနိုင်။
မေ့မြောနေတဲ့ ဝမ်လေးရဲ့ ဖြူဖျော့ဖျော့မျက်နှာလေးကိုကိုင်ရင်း မျက်ရည်တွေကျနေမိတယ်။

"ပိန်သွားလိုက်တာ... သူအဆင်ပြေမှာမလားဟင် သမားတော်ကြီး"

ဘေးနားမှာမတ်တပ်ရပ်နေတဲ့ သမားတော်ကြီးက ရိုရိုသေသေဖြေပေးလာတယ်။

"အသက်ဘေးကတော့ လွတ်သွားပါပြီ။ ဒါပေမယ့် အရှင်က ဒဏ်ရာတွေပျောက်တဲ့အထိ အချိန်ယူပြီး အနားယူပေးရပါဦးမယ်"

ရှောင်းကျန့်ဟာ ဝမ်လေးရဲ့လက်ကလေးကိုဆွဲယူလို့ ပါးမှာကပ်ထားရင်း မျက်ရည်ကျနေမိတယ်။ အခန်းတွင်းမှာရှိတဲ့ အမှုထမ်းတွေအားလုံးဟာ အရှင်နှင့်ဟွမ်ဟုတ် သီးသန့်နေရအောင် ထွက်ပေးသွားကြ၏။

အခု ဝမ်အရှင်တို့ရဲ့တပ်စစ်ကြောင်းဟာ နောက်ဆုတ်လိုက်ပြီး နန်းတော်ကိုလည်း ပြန်ခွင့်မရတော့ ဖျောင်းအာမြို့ကဘုရားကျောင်းမှာ လာပုန်းနေကြတာဖြစ်တယ်။ အရှင့်ရဲ့ကျန်းမာရေးအခြေအနေကြောင့် အစီအစဉ်ကိုပြန်ပြောငါးလိုက်ပြီး အသီးသီး နေရာခွဲကာ ပုန်းနေကြတာဖြစ်၏။

ရှောင်းကျန့်ကတော့ ရောက်ကတည်းက ဝမ်လေးအနားကနေ တစ်ဖဝါးမှမခွာတော့။ ရိပေါ်ရဲ့အကူအညီကြောင့်နှင့် သူထွက်ခွာလာခွင့်ရခဲ့တာ။ တကယ်လို့ သေရမယ်ဆိုရင်တောင် ဝမ်လေးနဲ့အတူ မခွဲပဲ သေချင်တယ်။ ဝမ်လေးဟာ သူ့ကိုဘာမှမပြောဘဲ တိတ်တိတ်လေးကာကွယ်ပေးနေတာကို သိရတဲ့အခါ သူအထင်လွဲ အမြင်လွဲခဲ့တာတွေအတွက် တအားကိုနောင်တရတယ်။ အချိန်ပြည့် ဝမ်လေးကိုပဲအပြစ်တင်နေခဲ့ပြီး သူကတော့ သာယာနေခဲ့တာ။ သူ့အမှားတွေဟာ နည်းနည်းနောနောမဟုတ်။

"ကျန့်အာ..."

ဝမ်လေးဟာ သူ့နာမည်ကိုခေါ်လို့ မေ့နေရင်းကနေ သတိရလာတယ်။ ဝမ်လေးရဲ့လက်ကိုဖြေးဖြေးချင်းလေး ဆုပ်ကိုင်တဲ့အခါ ဝမ်လေးဟာ သူ့ကို စောင်းငဲ့လို့ကြည့်လာတယ်။

Real or Fictional { COMPLETED }Where stories live. Discover now