15

4.1K 491 35
                                    

Zawgyi

15

လွီလင်တောင်အဆင်း။ တောင်ပေါ်မှာ ဘုရားကျောင်းသာရှိတဲ့အတွက် လူသူအသွားအလာနည်းပါးတဲ့အပြင် ဟန့်ယန်ရှန်းနန်းတော်ရဲ့ အနောက်ဘက်ဂိတ်ဝနှင့်နီးတဲ့အတွက် သာမန်ပြည်သူတွေ ဖြတ်သွားသွားလာခြင်းမရှိ။ အခုတော့ လွီလင်တောင်အဆင်းလမ်းမှာကောင်လေးနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေကြသည်။

"ရိပေါ်...."

ရိပေါ်ဟာ ရှောင်းကျန့်ကို ဖျောင်းအာဆိပ်ကမ်းကနေ မချီလို့ ပျံသန်းကာ လွီလင်တောင်အဆင်းကို ခေါ်လာခဲ့တယ်။ ရှောင်းကျန့်ဟာ ဒီနေရာကို ရိပေါ်ဘာကြောင့် သူ့ကု ခေါ်လာသလဲဆိုတာ နားမလည်သေး။

မေးခွန်းထုတ်နေတဲ့ ရှောင်းကျန့်ကို ရိပေါ်ဟာ ပြူံးပြီးသာ ကြည့်နေခဲ့တယ်။ ပြီးမှ သူ့လည်တိုင်မှာ ဆွဲထားတဲ့ ဆွဲကြိုးကိုချွတ်ကာ ရှောင်းကျန့်ရဲ့ လည်တိုင်အနီးတစ်ဝိုက်မှ ဆံနွယ်တွေကို ဖယ်ရှားတယ်။
ရှောင်းကျန့်ဟာ ရိပေါ်ရဲ့အပြုအမူတွေကို ယခုထိ နားမလည်နိုင်။
လည်တိုင်ကျော့ကျော့မှာ ရိပေါ်ဟာ သူ့ရဲ့ဆွဲကြိုးကို ဆွဲပေးလိုက်တဲ့အခါမှ ရှောင်းကျန့်ဟာ ရိပေါ်ရဲ့လုပ်ရပ်တွေကိုနားလည်လာတော့တယ်။

"ရိပေါ်...."

ဆွဲကြိုးဆွဲပေးနေတဲ့ ရိပေါ်ရဲ့လက်ကလေးကို ဆုပ်ကိုင်လ်ုက်တဲ့အခါ ရိပေါ်ဟာ ပြုံးပြလာခဲ့တယ်။
မျက်ရည်တွေဝေ့ထင်နေတဲ့ မျက်ဝန်းတွေ...
အသက်မရှိတဲ့အပြုံးတွေ....
ရှောင်းကျန့်ရဲ့ရင်ထဲမှာ စူးခနဲ နာကျင်သွား သလိုပဲ။

"ရိပေါ်... မင်းငါ့ကို ပြန်ခ်ုင်းနေတာလား"

ရိပေါ်ဟာ ဝမ်းနည်းစရာအပြုံးတွေနှင့် ထပ်မံပြုံးပြကာ ခေါင်းညိတ်လာပြန်တယ်။ ရှောင်းကျန့်ရဲ့ လက်နှစ်ဖက်ကိုညင်သာစွာ ဆုပ်ကိုင်ရင်း မျက်ဝန်းချင်းစုံကာကြည့်နေတယ်။

"ဟင့်အင်း... ရိပေါ်။ မင်းကတော့ကွာ ငါ့ကို ဝမ်းနည်းအောင်လုပ်နေတာလား။ ရိပေါ်....ဟင်"

ရှောင်းကျန့်ဟာ ဝမ်းနည်းမှုကို ဘယ်လိုမှ မထိန်းချုပ်နိုင်တော့။ မျက်ရည်တို့ဟာ ပါးပြင်ပေါ်သို့ စီးကျလာတဲ့အခါ ရိပေါ်ဟာ ပါးပြင်ကို ခပ်ဖွဖွပွတ်သပ်လို့ ခေါင်းတွေရမ်းလာတယ်။

Real or Fictional { COMPLETED }Where stories live. Discover now