Zawgyi
24
သူ့အမေလို့ ပြောပြောနေတဲ့ ထိုက်ဟုတ်ဟာ သူ့အရှေ့မှာ အလှပန်းတွေကို အေးအေးဆေးဆေးထိုင်ထိုးနေတယ်။ မနေ့တစ်နေ့ကမှ နန်းချခံရပြီး ဘာစည်းစိမ် ဂုဏ်ဒြပ်မှမရှိတော့တဲ့ မယ်တော်မိဖုရားကြီး မဟုတ်တဲ့အတိုင်းပဲ အေးဆေးတည်ငြိမ်စွာနဲ့ အလှဆင်နိုင်တာကို ရှောင်းကျန့်မှာ အတော်အံ့သြရတယ်။
ရှောင်းကျန့် သက်ပြင်းအကြီးကြီးတစ်ချက် ချလိုက်တယ်။"တကယ်လို့ ခင်ဗျားသာ ကျွန်တော့်ရဲ့အမေအရင်းဆို ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးသင့်တယ်လို့ ထင်တယ်။ အမေတစ်ယောက်ဟာ ကိုယ့်သားသမီးကို ချစ်တဲ့သူနဲ့လက်ထပ်ပြီး ပျော်ပျော်ရွှင်ရွှင်နေစေချင်တာမလား။ ဒီလိုဖမ်းထားတာက အမေတစ်ယောက်လုပ်တဲ့လုပ်ရပ်မဟုတ်ဘူး"
ထိုက်ဟုတ်ဟာ ထိုးလက်စပန်းတွေကို ချထားရင်း ရှောင်းကျန့်ကိုပြုံးလို့ကြည့်တယ်။
"ကလေးရယ် တကယ့်လောကကြီးမှာ အချစ်စစ်ဆ်ုတာ မရှိဘူး။ ဝမ်ရိပေါ်က ယောကျာ်းတစ်ယောက်ပဲ။ အာဏာရှိလေ ပိုမောက်မာလေ၊ မင်းကို ဘယ်လောက်ချစ်ချစ် အသစ်အဆန်းတွေတွေ့တဲ့အခါ အဲဒီအရသာကို ခုံမင်သွားမှာ..."
"ထိုက်ဟုတ်..."
"တကယ်ပဲ ကျန့်ကျန့်... ယောကျာ်းတွေမှာ အချစ်မရှိဘူး။ သူတို့က အိပ်ရာပေါ်ကဆန္ဒအတွက်လောက်ပဲ ချစ်ယောင်ဆောင်ကြတာ။
သားရယ် အမေ့မှာ သားတစ်ယောက်ပဲရှိတော့တယ်။
သားကိုလည်း အမေကလွဲ ဘယ်သူကကာကွယ်ပေးနိုင်မှာလဲ... ယောကျာ်းတွေက မယုံရဘူး။ သားကို စိတ်ဆင်းရဲစေလိမ့်မယ်။
အမေနဲ့သား တူတူနေကြရင် ပိုပျော်ဖို့ကောငါးလိမ့်မယ်"ထိုက်ဟုတ်ဟာ သူ့လက်ကိုဆွဲလို့ နူးနူးညံ့ညံ့ဆိုတယ်။ မျက်ဝန်းတွေမှာ သားသမီးတစ်ယောက်အပေါ်ေ
မတ္တာတွေ ယိုဖိတ်နေတဲ့ပုံစံမျိုးတွေ့ရတဲ့အခါ ဘာရယ်မှန်းမသိ ရှောင်းကျန့်ရဲ့ရင်ထဲမှာ နွေးထွေးသွားရတယ်။ မနေ့က ကျို့ဘွားဘွား(ထိုက်ဟုတ်ရဲ့ ငယ်စဉ်တည်းက စောင့်ရှောက်ခဲ့ရတဲ့ အထိန်းတော်) နဲ့ စကားပြောခဲ့ရတယ်။ ထိုက်ဟုတ်ဟာ သူ့အမေရင်းလို့မထင်ရပေမယ့် တကယ်ကို သူ့အမေရင်းဖြစ်နေတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လူ့အတ္တဘောတွေနဲ့ ဆုံတွေ့ခဲ့ရတဲ့ထိုက်ဟုတ်ဟာ အရာအားလုံးကိုဆုံးရှုံးခဲ့ရတဲ့အတွက် အရိုင်းဆန်တဲ့မိန်းမကြမ်းကြီးဖြစ်သွားတာကို သူမရှုံ့ချလိုတော့။
အမေကို ငယ်စဉ်တည်းက မမြင်ဖူးတဲ့ရှောင်းကျန့်အတွက် သူ့ကိုဒုက္ခအကြိမ်ကြိမ်ပေးခဲ့တဲ့ ထိုက်ဟုတ်ကို အမေလို့ခေါ်ဖို့ရာ တအားကိုခက်ခဲနေတယ်။
YOU ARE READING
Real or Fictional { COMPLETED }
FanfictionYizhan Warning : Historical Drama မကြိုက်သူများမဖတ်ရ။