Zawgyi
17
အေးစက်နေတဲ့ ဟင်းခွက်တွေကို ကြည့်ပြီး ရှောင်းကျန့် ပြုံးလိုက်တယ်။ အေးစက်နေတဲ့အပြုံးတွေနဲ့ပေါ့။
စားပွဲပေါ်မှာ သူကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဟင်းပွဲတွေချည်းပဲ။ ဝမ်လေးအကြိုက်တွေချည်း ချက်ပြုတ်ထားပေမယ့် စားမယ့် အရှင်သခင်က မလာတော့ အေးစက်ကုန်တာပေါ့။"ဟင်းပွဲတွေအကုန်သိမ်းလိုက်တော့"
ရှောင်းကျန့်ဟာ အားအင်လျော့စွာနဲ့ပဲ ကုတင်ပေါ်မှာ တက်လှဲလိုက်တယ်။ ဒီနေ့လည်း တစ်ယောက်တည်းပဲအိပ်ရမယ်ထင်ပါတယ်။ အရင်တုန်းကလိုသာဆို ရန်ဖြစ်နေလောက်ပြီဆိုပေမယ့် အခုချိန်မှာတော့ သူဘယ်သူနဲ့မှစကားမပြောချင်တော့ဘူး။
ဖခင်ဝတ္တရားကျေပွန်ချင်တဲ့ ဝမ်လေးရယ်၊ ကိုယ်ဝန်ဆိပ်တက်နေတဲ့ ဟောက်ဖေးရယ်က အခုချိန်မှာ ဒီနန်းတော်ကြီးရဲ့ အလိုက်ဖက်ဆုံးစုံတွဲပေါ့။
တစ်ခါ နှစ်ခါမကတော့တဲ့ ချန်ရစ်ခံရခြင်းမှာ ရှောင်းကျန့်ဟာ နေသားကျလာပြီ။
နွေးထွေးမှုမရှိတဲ့ အိမ်ထောင်ရေးမှာ သူကအပိုလူကြီးဖြစ်နေတယ်ထင်ပါရဲ့။ ပထမတစ်ခါ ကိုယ်ဝန်ပျက်ကျကတည်းက သားအိမ်ထိခိုက်ထားလို့ နောက်ထပ်ကိုယ်ဝန်ထပ်ဆောင်ဖို့ ခဲယဉ်းသွားတဲ့ ရှောင်းကျန့်အတွက်ကတော့ မိုးနတ်မင်းထံ သားဆုပန်ရုံကလွဲ ဘာမှမတတ်နိုင်ခဲ့။ပြတင်းတံခါးကိုဖွင့်လို့ ဟိုးကောင်းကင်ပေါ်က သာနေတဲ့လကို ငေးမိတယ်။ တိမ်တွေကင်းစင်လို့ ကောင်းကင်ကြီးမှာ ကြယ်လေးတွေလည်း လှမ်းမြင်နေရတယ်။
ဒီလိုတစ်ယောက်တည်းရှိနေချိန်မှာ ဟိုးအဝေးကြီးမှာရှိတဲ တောအုပ်လေးထဲက နဂါးကောင်လေးကို သတိရမိပါရဲ့။နဂါးကောင်လေး ရိပေါ်နှင့် ကြယ်တွေကို အတူကြည့်တဲ့အခါ ဘာမှမပြောဘဲ သူ့ကု ငြိမ်ငြိမ်လေးထိုင်ကြည့်နေတက်တဲ့ ရိပေါ်လေးကို လွမ်းလိုက်တာ။
သူပြောသမျှကို မှားမှားမှန်မှန် ခေါင်းညိတ်လို့ နားထောင်တက်တဲ့ ရိပေါ်လေးကို လွမ်းတယ်။
တစ်ခါတစ်လေတော့လည်း ရှောင်းကျန့်ဟာ သိပ်ထူးဆန်းသလိုပဲ။ လိုတာမရ ရတာမလို။ အနားမှာရှိနေတုန်းက အတင်းချန်ရစ်ခဲ့ချင်ပြီး အနားမှာမရှိတော့တဲ့အခါ မက်မက်မောမောရှိနေတာမျိုး။
YOU ARE READING
Real or Fictional { COMPLETED }
FanfictionYizhan Warning : Historical Drama မကြိုက်သူများမဖတ်ရ။