8

4.2K 557 19
                                    

Zawgyi

8

"ညကြီးမှောင်းမည်းကြီးရောက်မှပဲ ရှောင်းကျန့်ဟာ အပေါ့အပါး ထသွားချင်လာတယ်။ ဘေးပတ်ဝန်းကျင်ကြည့်လိုက်တော့လည်း မှောင်မည်းတိတ်ဆိတ်နေတဲ့အပြင် ကျေချမ်းစရာကောင်းနေတယ်။ မိုးပေါ်ကလဟာလည်း လခြမ်းကွေးလေးမို့ လုံလောက်တဲ့အလင်းမရရှိ။ ရှောင်းကျန့်ဟာ ပေါင်က်ုလိမ်လို့ မိမိရဲ့စိတ်ဆင်းရဲစရာအဖြစ်ကို ကြိတ်သည်းခံရတယ်။

နောက်မှ သူနဲ့မလှမ်းမကမ်းကကျောက်ဖျာပေါ်မှာအိပ်နေတဲ့ ရိပေါ်ကိုတွေ့တော့မှ အားတက်သွားတော့တယ်ယ်။ ရိပေါ်ရဲ့အနားကို ဖြေးဖြေးသွားပြီး လက်မောင်းကိုအသာအယာလှုပ်နှိုးလိုက်တယ်။

"ရိပေါ်... ရိပေါ်"

အသံတိုးနှင့်ခေါ်ပေမယ့်လည်း အအိပ်ဆတ်တဲ့ ရိပေါ်ဟာ ချက်ချင်းနိုးလာခဲ့တယ်။ ရိပေါ်ဟာ သူ့ကိုအိပ်ချင်မူးတူးနဲ့ကြည့်လာတယ်။ သူအကြောင်းရင်းကိုပြော
လိုက်မှ ရိပေါ်ဟာ သူ့လက်ကိုဆွဲလို့ အရှေ့ကနေသွားတယ်။
ကိစ္စဝိစ္စပြီးတဲ့အခါ ရှောင်းကျန့်ဟာ အိပ်မပျော်တော့ဘူး။ ဘေးနားက ရိပေါ်ဟာလည်း မအိပ်ချင်တော့ဘူးထင်တယ် ရှောင်းကျန့်ကို ပြုံးပြီးကြည့်နေတယ်။

ရှောင်းကျန့်ဟာ အပင်တစ်ပင်အောက်ဝင်ထိုင်ပြီး ကောင်းကင်ပေါ်က ကြယ်တွေကိုငေးနေလိုက်တော့တယ်။ ရှောင်းကျန့်ထို်င်ရာလိုက်ထိုင်တဲ့ ရိပေါ်ဟာလည်း အနားမှာဝင်ထိုင်ရင်း ကောင်းကင်ပေါ်ကိုငေးကြည့်နေတယ်။

" ရိပေါ်..."

"ငါ့အကြောင်းနားထောင်ချင်လား"

ရိပေါ်ဟာ ခေါင်းညိတ်လို့ ပြုံးတယ်။ ရှောင်းကျန့်ဟာ ပြုံးရင်း ရိပေါ်ရဲ့ခေါင်းလေးကိုအသာပုတ်လိုက်တယ်။

"ငါက မျိုးရိုးအစဉ်အလာကို တအားတန်ဖုးထားတဲ့ နိုင်ငံမှာနေတဲ့ ယောကျာ်းလေးတစ်ယောက်ပေါ့။
မွေးကတည်းက "ကော"ဖြစ်နေလို့ မိသားစုမှာ မိန်းကလေးတွေထက်ပိုအနှိမ်ခံရတယ်။
အရွယ်ရောက်လို့ ချစ်သူထားတော့လည်း "ကော"ဖြစ်နေလို့ ချစ်သူနဲ့လက်ထပ်ခွင့်မရဘူး။
တော်ပါသေးရဲ့ ငါ့ချစ်သူက ငါ့အတွက်ကြိုးစားပြီးကာကွယ်ပေးလို့ နေရာတစ်ခုရခဲ့တာ။
တကယ်တော့ ငါက မျိုးရိုးမြင့်မိသားစုကမွေးလာလည်း တကယ်တမ်းဘာမှမထူးပါဘူး။
အမြဲတမ်းအနှိမ်ခံ။ အဖိခံ။ "

Real or Fictional { COMPLETED }Where stories live. Discover now