Zawgyi
14
"ဆီးသီးတုတ်ထိုးသုံးချောင်း၊ ငွေတစ်စ ငွေတစ်စ"
"အစ်မ ဒါလေးက ဘယ်လိုရောင်းလဲ"
"ပေါက်စီပူပူလေးတွေရမယ်..."
ဈေးလယ်ခေါင်မှ ရောင်းဝယ်ဖောက်ကားသံတွေလိုမျိုး ထူးဆန်းလှတဲ့ အသံတွေဟာ နားထဲမှာ ဆူဆူညံနေတယ်။ ရှောင်းကျန့်ဟာ မူးနောက်နေတဲ့အတွက် နားထင်ကိုအသာဖိလို့ ထလိုက်တယ်။ မျက်ဝန်းတွေဟာ ကျိန်းစပ်နေတဲ့အတွက် တော်တော်နှင့်မဖွင့်နိုင်။ အားပြုပြီးဖွင့်လိုက်တဲ့အခါ မရင်းနှီးတဲ့ဒီနေရာဟာ သူခုနကလဲလျောင်းခဲ့တဲ့ ကျောက်ဂူထဲမှာမဟုတ်တော့။ သေချာတည်ဆောက်ထားတဲ့ အခန်းတစ်ခန်းထဲမှာ။
သူ အတော်အံ့သြသွားရတယ်။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ရိပေါ်ဟာ သူ့နားလေးမှာ ငုတ်တုတ်လေးထိုင်ရင်း အိပ်ပျော်နေရှာတယ်။
သူတို့ဘယ်ရောက်နေတာလဲ။ ခုနက ကြားတဲ့အသံတွေကရော။"ရိပေါ်... ရိပေါ်"
ရိပေါ်ကို အသာလှုပ်နှိုးလိုက်တော့ နိုးလာတဲ့ရိပေါ်ဟာ ရှောင်းကျန့်ကို ပျာပျာသလဲ ပွေ့ဖက်တော့တယ်။ ပြီးမှ နှဖူးတွေနဲ့ လည်ပင်းတွေကို သူ့လက်တွေနှင့် လာစမ်းတယ်။ စိတ်ချသွားရတော့အနေအထားရောက်မှ ရိပေါ်ဟာ ရှောင်းကျန့်ကို ပြုံးပြလာတယ်။
"ရိပေါ်... ငါ့ကိုဘယ်ခေါ်လာတာလဲ"
ရိပေါ်ဟာ ဘယ်လိုဖြေရမှန်းမသိ ငြိမ်သက်သွားတယ်။ ထိုအချိန် သူတို့ရှိနေတဲ့အခန်းရဲ့တံခါးကို တစ်စုံတစ်ယောက်က ဖွင့်လာတယ်။ ဝင်လာတဲ့သူဟာ အသက်အကြီးကြီး အဘိုးကြီးတစ်ယောက်ဖြစ်တယ်။ ထိုအဘိုးကြီးရဲ့လက်ထဲမှာ ဆန်ပြုတ်တစ်ခွက်နဲ့ောအငွေ့တထောင်းထောင်းထနေတဲ့ ဆေးတစ်ခွက်ကို တွေ့ရတယ်။
"လူကလေး နိုးလာပြီလား။ ရွှေဝါရောင်ကောင်လေး ဖယ်ဦး။ ငါမင်းကောင်လေးကို ဆေးတိုက်ဦးမယ်"
ထိုအဘိုးဟာ ရှောင်းကျန့်အနားထိုင်လိုက်တယ်။
ရှောင်းကျန့်က နားမလည်တဲ့မျက်ဝန်းတွေနှင့်ကြည့်တော့ အဘိုးက ရယ်တယ်။"မင်းက သတိလစ်နေတော့ ဘာမှမသိတဲ့ပုံပဲ။ ဒီရွှေဝါရောင်ကောင်လေးက မင်းကိုထမ်းပြီးခေါ်လာတာ။ ငါမေးတာလည်း ဘာမှမဖြေဘူး။ မင်းကိုအတင်းထိုးထည့်ပြီး ငိုနေလို့ ငါလဲ ဆေးကုပေးလိုက်တာ။ သူကထူးဆန်းတယ်နော် ဆံပင်တွေကရွှေရောင်တွေ"
![](https://img.wattpad.com/cover/272816854-288-k122905.jpg)
YOU ARE READING
Real or Fictional { COMPLETED }
FanfictionYizhan Warning : Historical Drama မကြိုက်သူများမဖတ်ရ။