23(Story of Empress YuanMay)

4.3K 428 14
                                    

Zawgyi

Zawgyi

23 ( Story of Empress Yuan May)

အိမ်မက်ဆိုးတွေ... တရိပ်ရိပ်နဲ့ သူ့ကိုစိုးမိုးလာတဲ့ အိမ်မက်ဆိုးတွေကနေ သူဘယ်လိုရုန်းထွက်ရမလဲ။
သူအချစ်ရဆုံးသူတွေကိုမှ အဖြစ်ဆိုးတွေနှင့်စီရင်တဲ့ ဒီအိမ်မက်တွေကို အကောင်အထည်မဖြစ်စေချင်ဘူး။
သူချစ်တဲ့သူနှစ်ယောက်နဲ့ ပတ်သတ်တဲ့ ဒီအိမ်မက်ဆိုးတွေက သူ့ကို ခဏခဏလာနှောင့်ယှက်တယ်။ မက်တိုင်းလည်း ရင်နင့်အောင်ခံစားရတယ်။

ရှောင်းကျန့်ဟာ အလန့်တကြားနှင့် မျက်ဝန်းတွေကို ဖွင့်လိုက်တော့တယ်။ အိမ်မက်ဆိုးကြောင့် သူ့ရင်ထဲမှာလည်း ဗလောင်ဆူနေပြီ။ မျက်လုံးတွေဖွင့်လိုက်တဲ့အခါ သူ့မျက်စိတွေဟာ ကျိန်းစပ်နေပြီး ဝိုးတဝါးဖြစ်နေတယ်။ သူခုနကမှ ဘုရားကျောင်းထဲမှာ နေ့လည်စာစားဖို့ပြင်နေတာ။ အခု သူဘယ်ရောက်နေတာလဲ။

သူပထမဆုံး မြင်တွေ့လိုက်ရတာက ထိုက်ဟု
တ်။ သူတကယ် အံ့သြသွားရတယ်။ ဘေးပတ်ဝန်းကျင်ကိုကြည့်တဲ့အခါ သေသပ်ရပ်စွာခင်းကျင်းပြင်ဆင်ထားတဲ့ အိမ်ခန်းတစ်ခန်းထဲမှာ သူရောက်နေမှန်းသိရတယ်။

ထိုက်ဟုတ်ဟာ သူ့ဘေးနားမှာ ထိုင်နေတယ်။ သူနိုးလာတာကိုတွေ့တဲ့အခါ ပြုံးလု့် သူ့ကိုယ်ကို ဖေးဖေးမမနဲ့ ကူထူပေးတယ်။။ ထိုက်ဟုတ်နဲ့ သူဆုံဖူးခဲ့တာ ဝမ်လေးရဲ့တစ်သက်နီးပါးရှိပြီ။ ဒါပေမယ့် တစ်ခါမှ ထိုက်ဟုတ်ရဲ့ သူ့အပေါ်မှာ နူးနူးညံ့ညံ့ကြည့်တဲ့ အကြည့်မျိုး တစ်ခါမှမကြုံဖူး။
သူအမြင်မှားတာအထင်နဲ့ မျက်စိပွတ်လိုက်တယ်။
ထိုက်ဟုတ်ဟာ သူ့လက်ကို ဖွဖွလေးကိုင်ပြီး ပြုံးကြည့်တယ်။ ထို့နောက် ထိုက်ဟုတ်ရဲ့နှုတ်မှ စကားသံချိုချို ထွက်လာ၏။

"ကလေး... ကလေးလေး"

~~~~~~~~~~~~~~~

ဟောက်ယွမ်မေ...
ထန်းဝမ်အင်ပါယါ၊ အာဏာရ မြောက်ပိုင်းအုပ်စုခေါင်းဆောင် ဟောက်အမတ်ရဲ့ တစ်ဦးတည်းသောသမီး။ ဥာဏ်ပညာထက်မြက်ပြီး ရုပ်ရည်ချောမောလှပလွန်းလို့ အိမ်ထောင်ဖက်အဖြစ် လက်ထပ်ထိမ်းမြားချင်တဲ့ ယောကျာ်းသားတွေဟာ ယွမ်မေရဲ့ အချစ်ကိုရဖို့ ကြိုးစားကြတယ်။ အိမ်ရှေ့မင်းသားအပါအဝင်ပေါ့။ အိမ်ရှေ့မင်းသားဟာ ယွမ်မေကို ထိမ်းမြားဖို့ ကမ်းလှမ်းခဲ့ပေမယ့် ယွမ်မေဟာ မိဖုရားခေါင်ဖြစ်မယ့်ဘဝကို စွန့်လွှတ်ပြီး ငြင်းပယ်ခဲ့တယ်။

Real or Fictional { COMPLETED }Where stories live. Discover now