Zawgyi
3
ရှောင်းကျန့်ဟာ မနက်ခင်းတေးသံသာငှက်တို့ တွန်ကြူးသံကြားတာနှင့် မျက်ဝန်းအစုံကိုဖွင့်လို့ အိပ်ရာကနေနိုးလာခဲ့တယ်။ ထုံးစံအတိုင်း ဝမ်လေးရဲ့ တောင့်တောင့်တင်းတင်းလက်မောင်းလေးကို ခေါင်းအုံးအိပ်ထားတာမို့ ဝမ်လေးရဲ့ရင်ခွင်ထဲမှာ သူကအံဝင်ခွင်ကျ။ ဘုရင့်နဂါးဝတ်ရုံသာမဝတ်ထားရင် ဝမ်လေးက အရင်အတိုင်းပဲ။ ခုနှစ်နှစ်သားအရွယ်ကတည်းက ခင်မင်ကျွမ်းဝင်ခဲ့ရတဲ့ ဝမ်လေးဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း ရှောင်းကျန့်ရဲ့ချစ်ဦးသူ ဖြစ်လာခဲ့တယ်။
ဝမ်လေး နန်းမတက်ခင်ကာလတွေကို ပြန်သွားချင်တယ်။ နန်းတော်တစ်ခွင် နှစ်ယောက်သား လျှောက်လွှားပြေးဆော့ကြတယ်။ လူကြီးတွေမသိအောင် မြို့တော်ထဲက ဈေးထဲကို ခိုးထွက်ဖူးကြတယ်။ မြို့ပြင်က လယ်ကွင်းတွေထဲမှာ ချိန်းတွေ့ခဲ့ဖူးကြတယ်။ သူတို့နှစ်ယောက်ကြားမှာ ဘာပကာသနတွေ စည်းကမ်းတွေ ဓလေ့ထုံးတမ်းတွေမှ မရှိခဲ့ဘူး။ သိပ်ကို ဖြူစင်ခဲ့ကြတဲ့အချိန်တွေ။
တစ်ခါတစ်လေ ဝမ်လေးသာ ဘုရင်မဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။ ဒါပေမယ့်လည်း တိုင်းပြည်အတွက် စွမ်းစွမ်းတမံကြိုးစားနေတဲ့ ဝမ်လေးကိုမြင်ရင် ကိုယ့်အတ္တတွေကိုချိုးနှိမ်ပြီး အရာရာကိုသည်းခံကာ ဝမ်လေးအလိုကျ ပါရမီဖြည့်ပေးချင်မိတာပါပဲ။
ဝမ်လေးအနားလေးမှာသာ နေခွင့်ရရင် ဘယ်လိုပဲရင်ဆိုင်ရပါစေ ဘဝက ပြီးပြည့်စုံနေတာမျိုးပေါ့။မနေနိုင်စွာပဲ အိပ်ပျော်နေတဲ့ဝမ်လေးရဲ့ မေးရိုးထင်းထင်းလေးကို မွှေးကြူမိတယ်။
"ဟေး...."
ဝမ်လေးရဲ့ အသံသြရှရှက ခိုးမွှေးနေတဲ့သူ့ကို ရင်တုန်သွားစေတယ်။ ဝမ်လေးဟာ ပြုံးတုံးတုံးနှင့် နိုးလာပြီး ရှောင်းကျန့်ရဲ့ကိုယ်လေးကို လှဲချကာ သူကအပေါ်ကနေ ဖိလိုက်တယ်။
"ငါကိုယ်တော်အိပ်နေတာကို နှောင့်ယှက်တာ ဘယ်သူလဲကွ"
"အဟီး ဟီး ဟန်ရှန်းဝမ်ရိပေါ်ရဲ့ ဟွမ်ဟုတ်လေ"
"ဟုတ်လား ဒါဆိုရင်တော့ ဒီတိုင်းထားလို့မရတာ့ဘူး ဒီဟွမ်ဟုတ်ကို အပြစ်ပေးမှရတော့မယ် လာပြီနော်"
YOU ARE READING
Real or Fictional { COMPLETED }
FanfictionYizhan Warning : Historical Drama မကြိုက်သူများမဖတ်ရ။