Extra*3*Real Story

6.9K 573 51
                                    

Zawgyi

RS 2

"ရှောင်းကျန့်..."

ဒီအသံသြရှရှဟာ သူ့နားထဲကို စီးဝင်လာတယ်။ ရှောင်းကျန့်ဟာ ထပ်ပြီး ကြားယောင်နေမိပြန်ပြီထင်ပါရဲ့။ အရင်ကလု ထင်ယောင်ကြားယောင်မဖြစ်အောင် မျက်စိကိုမှိတ်လို့ နားကိုပါပိတ်လိုက်တယ်။ သူ့ကိုထားသွားပြီပဲ...
ခဏ ခဏ ထင်ယောင် ကြားယောင်နေတာတွေဟာ မျှော်လင့်ချက်ကိုတိုက်စားနေသလ်ုလုပါပဲ။

သူ့နားတွေကိုအုပ်ထားတဲ့ လက်ဖမိုးတွေဟာ နွေးထွေးသွားတယ်။ တစ်စုံတစ်ယောက်ရဲ့ အုပ်မုးဆုပ်ကိုင်ခြင်းနှင့်အတူ နွေးထွေးသော အထိအတွေ့ကိုပါ ရလာတယ်။ မျက်လုံးတွေဖွင့်ကြည့်တဲ့အခါ ရှောင်းကျန့်ရဲ့မျက်ဝန်းလေးတွေဟာ ဝိုင်းစက်ကုန်တယ်။

သူ့မျက်စိရှေ့မှာ မြင်နေရတာ တကယ်လား။ ခဏ ခဏ မြင်ယောင်မိသလ်ုဖြစ်နေတာလား။ အစိမ်းဖန့်ဖန့်မျက်ဝန်းတွေက သူ့ကို ပြုံးရွှင်စွာ ဦးတည်နေတယ်။ သူ့ရဲ့နှုတ်ခမ်းတွေပါ ထွေးယူ နမ်းရှိုက်ခံလိုက်ရတဲ့အခါ ရှောင်းကျန့်ရဲ့ လောကကြီးဟာ ခဏတာရပ်တန့်သွားသလိုပဲ။
ရှောင်းကျန့်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ လိမ့်ဆင်း ကျလာခဲ့ရပြန်တယ်။
ဒီတစ်ခါကျတဲ့မျက်ရည်တွေဟာ ပျော်လွန်းလို့၊ ချစ်သူပြန်လာမှာကို မျှော်လင့်နေတဲ့သူတစ်ဦးအတွက် ချစ်သူနဲ့အနမ်းတွေနဲ့ ထွေးပွေ့ခံရတာဟာ ဘယ်လောက်ကံကောင်းလိုက်ပါသလဲ။

သူတို့နှစ်ယောက်ဟာ အနမ်းအရှည်ကြီးကို ပုံဖော်နမ်းရှိုက်ပြီးတဲ့နောက် ရှောင်းကျန့်ဟာ လန်သခင်လေးရဲ့ ရင်ခွင်ထဲမှာ ဝင်ခိုလို့ လန်သခင်လေးဟာလည်း ရှောင်းကျန့်ကို တင်းကျပ်နွေးထွေးစွာ ပွေ့ဖက်ထားတယ်။

"ကိုယ့်နှလုံးသားရဲ့အဖြေကို သေချာသိလာခဲ့ပြီ"

ရှောင်းကျန့်ဟာ လန်သခင်လေးရဲ့ မျက်နှာကိုမော့ကြည့်လိုက်တဲ့အခါ လန်သခင်လေးဟာ သူ့နှဖူးကို ခပ်ဖွဖွလေးနမ်းပြန်တယ်။

"ကိုယ့်အဖြေကို မပြောသေးခင် ကိုယ်တောင်းဆိုစရာရှိတယ်"

"ဟင်"

"ကိုယ့်ကို ဝမ်လေးလို့ ခေါ်ပေးပါလား..."

လန်သခင်လေးရဲ့ပါးပြင်ကို ခပ်ဖွဖွပွတ်သပ်ပေးနေတဲ့ ရှောင်းကျန့်ရဲ့လက်တွေက ရပ်သွားတယ်။
အစိမ်းဖန့်ဖန့်မျက်ဝန်းတွေဟာ တည်ကြည် တောက်ပနေတယ်။

Real or Fictional { COMPLETED }Where stories live. Discover now