7

4.5K 558 36
                                    

Zawgyi

7

"ထိုက်ဟုတ်မယ်မယ်၊ အရှင်မင်းကြီးကို ထိန်းတော်မူပါဦး။ သေရည်တွေသောက်နေတာ အိုးရေတွေများနေပါပြီ။ တားတော်မူပါဦး။"

အလွမ်းနာကျပြီး သေရည်သံသရာထဲမှာ နစ်မြုပ်နေတဲ့ အရှင်မင်းကြီးကြောင့် မင်ကုန်းကုန်းဟာ မယ်တော်ကြီးကို သွားပင့်ရတော့တယ်။ ဟွမ်ဟုတ်ကို ရှာမတွေ့သေးတာ နှစ်ပတ်ကျော်လာပြီဖြစ်တယ်။ ဝူဂျီတောင်တစ်ဝိုက်အပြင် တခြားတောင်တွေ တောတွေထဲကို အင်အားသုံးရှာတာ နှံ့နေပြီဖြစ်ပေမယ့် ခုထိ အစအနတောင်မတွေ့ရသေး။ ခုထိရှာမတွေ့သေးလို့ မှတ်ချက်ချလိုက်တာက ဟွမ်ဟုတ်ဟာ နဂါးအစာဖြစ်လို့ သေဆုံးပြီဖြစ်တယ်လို့ဟူ၍သာ။
သို့ပေမယ့် အရှင်မင်းကြီးဟာ ဟွမ်ဟုတ်ကို အခုထိ သေဆုံးကြောင်းမသတ်မှတ်သေးတဲ့အပြင် သေဆုံးကြောင်း ကြေငြာချက်ထုတ်ပါက သေဒဏ်ဟူ၍ ချမှတ်ထားသေးတယ်။

မင်းကြီးဟာ အရူးတစ်ပိုင်းလိုပါပဲ။ ချစ်ရသူကို အသက်ရှင်လျက်မမြင်ရသေးတဲ့အပြင် ဘာသတင်းအစအနမှမရတာဟာ အားလုံးအတွက် နှစ်ပတ်မျှသာကြာပေမယ့် အရှင့်အတွက် နှစ်ကမ္ဘာစာလောက် ဝေးကွာနေသလိုပါပဲ။ ဘာတိုင်းရေးပြည်ရေးမှမလုပ်နိုင်ဘဲ သေရည်တမြမြဖြစ်နေတာလဲ ကြာပါပြီ။

ထိုက်ဟုတ်ဟာ ဘုရင့်နဂါးအဆောင်တော်ကို ဝင်ဝင်ချင်းမှာပဲ စူးရှနေတဲ့သေရည်အနံ့ကြောင့် နှာခေါင်းရှုံ့လိုက်တယ်။ စားပွဲပေါ်မှာ သေရည်အိုးတွေကလည်း နဲနဲနောနောမဟုတ်။ စားပွဲပေါ်မှာ ခေါင်းမထောင်နိုင်ဘဲ လဲကျနေတဲ့ သေရည်သမားဟာ ထန်းဝမ်အင်ပါယာရဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ အရှင်ဘုရင် ဟန်ရှန်းဝမ်ရိပေါ်လို့ ထင်ရက်စရာမရှိ။

"မင်ကုန်းကုန်း၊ သေရည်အိုးတွေ အကုန်သိမ်းလိုက်"

မင်ကုန်းကုန်းဟာ နန်းတွင်းသူလေးတွေခေါ်ပြီး သေရည်အိုးတွေအမြန်သိမ်းစေတယ်။

"ငါ့သေရည်အိုးတွေ မသိမ်းနဲ့ အေ့..."

ခေါင်းထောင်လာပြီး သေရည်အုးတွေဆွဲလုနေတဲ့ အရှင်ကြောင့် မယ်တော်ကြီးက်ုယ်တိုင် အရှင့်ကို ဆွဲကိုင်ဟန့်တားရတော့တယ်။ မယ်တော်ကြီးတားတာတောင် အတင်းဆွဲနေတဲ့ မင်းကြီးကြောင့် ထိုက်ဟုတ်ဟာ ဒေါသထွက်လာပြီး မင်းကြီးရဲ့ပါးကို ခပ်ပြင်းပြင်းရိုက်ချလိုက်တယ်။ ထိုအဖြစ်အပျက်ကု မြင်လ်ုက်တဲ့ မင်ကုန်းကုန်းဟာ ချက်ချင်းပဲ ကြမ်းပြင်ပေါ်ကို ကြောက်ကြောက်လန့်လန့်နဲ့ပဲ ကိုယ်ကိုမှောက်ချလိုက်တော့တယ်။

Real or Fictional { COMPLETED }Where stories live. Discover now