16

4.2K 507 42
                                    

Zawgyi

16

ရာဇအိနြေ္ဒ်ကိုတောင်မထိန်းနိုင်တော့ဘဲ လေသာဆောင်ကို ပြေးသွားနေတဲ့ အရှင့်ကိုကြည့်ပြီး မင်ကုန်းကုန်းဟာ ပြုံးမိပါတယ်။ လေသာဆောင်ပေါ်မှာ ကြာကန်အလှကိုရှူစားနေတဲ့ အရှင့်ရဲ့ တစ်ဦးတည်းသော ချစ်သူ ရှောင်းကျန့်။

ဘေးတိုက်ကြည့်ရင်တောင် ပြေပြစ်တဲ့နှဖူးပြင်၊ ပုလဲလုံးတွေနှင့်ဆင်တဲ့မျက်ဝန်းလှလှလေး၊ နှာတံချွန်ချွန်၊ နှုတ်ခမ်းနီပါးပါး၊ မှည့်အနက်ကလေးတို့ဟာ သူ့ချစ်သူရဲ့အစိတ်အပိုင်းလေးတွေမှန်း အလွတ်ရနေပြီးသား။ သူသတင်းကြားကြားချင်း မယုံနိုင်ခဲ့ပေမယ့် အခုတော့ ချစ်ရသူဟာ သူ့ရှေ့မှောက်ကို ပြန်ရောက်လာခဲ့ပြီ။
အရှင်ဟာ တစ်လကျော်ကြာ ဝေးကွာနေရတဲ့ချစ်သူကိုတွေ့တဲ့အခါ ပျော်ရွှင်မှုက်ုမထိန်းနိုင်တော့ဘဲ ချစ်ရသူကို ပြေးကာပွေ့ဖက်လိုက်တော့တယ်။
သိပ်လွမ်းနေရတဲ့ ကျန့်အာရဲ့ ကိုယ်သင်းရနံ့လေးကို ဝအောင်ရှူရှိုက်လိုက်တော့မှ သူ့ရဲ့ပျော်ရွှင်မှုဟာ ပိုပြီးပေါ်လွင်လာတယ်။

"ကျန့်အာ.... ကျန့်အာ ဘာမှမဖြစ်ဘူးနော်၊ ဘာတွေထိခိုက်သွားသေးလဲ"

ပျာပျာသလဲမေးလာတဲ့ ဝမ်အရှင်ကြောင့် ရှောင်းကျန့်ဟာ ကျေနပ်စွာ ပြုံးမိပါတယ်။

"ဘာမှမဖြစ်ပါဘူး ဝမ်လေးရယ်...."

ဝမ်အရှင်ဟာ ချစ်ရသူကျန့်အာရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို ပိုက်စိပ်တိုက်ကြည့်ရင်း ပါးပြင်နုနုကို ခပ်ဖွဖွလေး ပွတ်ပေးနေတယ်။ ရှောင်းကျန့်ဟာ သူ့အရှေ့က အတော်ပိန်ကျသွားတဲ့ ဝမ်လေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်။

"ဝမ်လေးရယ် ပိန်သွားလိုက်တာ..."

အရှင်ဟာ ရှောင်းကျန့်ရဲ့လက်ကလေးကို ဖွဖွလေးဆုပ်ကိုင်လိုက်တယ်။

"ကိုယ်တောင်းပန်ပါတယ်.. တောင်းပန်ပါတယ် ကျန့်အာရယ်... ကိုယ်မကာကွယ်ပေးနိုင်ခဲ့ဘူး။ ကျန့်အာအတွက် ကိုယ်ကကောင်းတဲ့လူမဟုတ်ဘူး"

အရှင်ဟာ မျက်ရည်မကျဖို့ထိန်းထားတဲ့ကြားကနေ မျက်ရည်တွေကျလာတဲ့အတွက် ရှောင်းကျန့်ရဲ့လည်တိုင်မှာ မျက်နှာကိုအပ်လိုက်တော့တယ်။

Real or Fictional { COMPLETED }Where stories live. Discover now