Chapter 6 : Potato with vinegar flavor (2) (U)

36 6 0
                                    

စဉ်းစားကြည့်လေဗျာ.. လူလူချင်းတူတူကို သစ်ကုလားအုတ်လို့ အခေါ်ခံရလို့ ကျွန်တော် စိတ်ဆိုးမိတာ မှားလား? အရပ်ရှည်တာချင်းလည်း တူတူပါဗျာ.. သူကတောင် ပိုရှည်သေးတယ်။

တစ်လမ်းလုံး ကျွန်တော် စူပုပ်ပြီး ပြန်လာတော့ Kris က ကျွန်တော့်မျက်နှာရိပ်မျက်နှာကဲကို ဘေးကနေ တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်ရင်း လိုက်လာတယ်။ ဒါပေမယ့် ဘာစကားတစ်ခွန်းမှတော့ သူ မဟတော့ပါဘူး။

"မင်းမျက်နှာက ဘယ်ချိန်ထိ စူပုပ်နေဦးမှာလဲ?" သူက ရုတ်တရက် ထမေးလိုက်တော့ ကျွန်တော် ခပ်ကြမ်းကြမ်း ခန္ဓာကိုယ်ကို သူ့ဘက်လှည့်ပြီး အော်ပစ်လိုက်တယ်။ "ဘာ? လာမေးရဲသေးတယ်! ငါ ဒီလိုဖြစ်နေတာ ဘယ်သူ့ကြောင့်များလို့ ထင်နေလို့လဲ??" လက်ကလည်း လွှဲလိုက်သလိုဖြစ်သွားတော့ လက်ထဲက ပလက်စတစ်အိတ်နဲ့ သူ့ဗိုက်နဲ့လည်း မတော်တဆထိမိသွားတယ်။ ကောင်းတယ်! နည်းတောင်နည်းသေး!

သူက ကြောက်ဖို့ကောင်းလောက်အောင် ပြန်စိုက်ကြည့်လိုက်တော့ ကျွန်တော် အော်မိတာတောင် နောင်တရသွားတယ်။

"ဒီလောက်ထိ စိတ်ကောက်နေရအောင်? ဘာလဲ? မင်းက ငါးနှစ်သားလား?" သူကပဲမှားသေးတယ်။ လူကို လာအော်နေတယ်။ ကျွန်တော်ပြောတာလည်း သူ ဘာတစ်ခုမှ အဖက်လုပ်ပြီး နားမထောင်ဘူး။ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချလိုက်မိတယ်။ ကျွန်တော့် ခံစားချက်ကို တစ်စက်လေးမှ ဂရုမစိုက်ပဲ သူပြောချင်ရာပြောနေတဲ့ကောင် အတွက် ကျွန်တော်ဘက်ကလည်း ဘယ်တော့မှ ဘာမှ စိတ်ပူပန်နေပေးစရာ မလိုဘူးပေါ့။

အန်... ကျွန်တော့် ခံစားချက်? ဘာခံစားချက်ပါလိမ့်?

ဘာမှထပ် မစဉ်းစားနေနဲ့တော့ Chanyeol.. ကျွန်တော့်ကိုယ်ကျွန်တော် သတိပေးလိုက်ရင်း မီးဖိုချောင်ထဲမှာ ဝယ်လာတဲ့ပစ္စည်းတွေကို နေရာချနေမိတယ်။ ဒါနဲ့.. ဒီနေ့လုပ်မှာက? ဟုတ်တယ်... အာလူးကြော်.. ချဉ်စပ်အရသာ အာလူးကြော်.

ကျွန်တော် ဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို ရေဆေးနေတုန်းမှာတော့ Kris က ဟင်းချက်ဖို့ ပစ္စည်းပစ္စယတွေကို နေရာလိုက်ချနေတယ်လေ။ ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း တော်တော်ကြာအောင် စကားမပြောဖြစ်ကြဘူး။

Instant NoodlesМесто, где живут истории. Откройте их для себя