Chapter 3 : Chinese Omelette (U)

34 9 0
                                    

ကမ္ဘာပေါ်မှာ အကောင်းဆုံးအရာက ကျွန်တော့်အိပ်ရာမှန်း ခုမှပဲ ကျွန်တော် သိတော့တယ်ဗျာ။ ကောင်းလိုက်တာ။ ကောင်းလိုက်တာ။ ခေါင်းအောက်က ခေါင်းအုံးလေးကလည်း ပျော့အိနေတာပဲ။ အိ! ခေါင်းအုံးဆီက ဘာနံ့ကြီးလဲဟ?? ချွေးချဉ်နံ့လိုလို အရက်နံ့လိုလို။ ရတယ်။ ကိစ္စရှိဘူး။ ဘာနံ့ပဲရရ ဒီခေါင်းအုံးလေးကိုပဲ ချစ်တယ်။

"အမ်း....." ခေါင်းအုံးကြီးကို အားရပါးရဖက်အိပ်ရင်း ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် ညည်းလိုက်တယ်။

ဘယ်အချိန်တွေတောင်ရောက်နေပြီလဲမသိဘူး။ ခဏနေရင်တော့ Kris ရောက်လာတော့မယ် ထင်တာပဲ။ ဒုက္ခပါပဲ။ နာရီကြည့်ဖို့ဟာကို ကျွန်တော့်မျက်လုံးတွေက ဘယ်လိုမှ ဖွင့်လို့်မရ။ တစ်ကိုယ်လုံးကလည်း ကိုင်ရိုက်ခံထားရတဲ့အတိုင်းပဲ လှုပ်လို့တောင်မရဘူး။ ခြေလက်တွေအကုန် တဆစ်ဆစ်နဲ့ကိုက်နေလိုက်တာ။ ဝမ်းလျှောတာနဲ့ ဒါနဲ့ ဘယ်ဟာကပိုဆိုးမှန်းတောင် မသိတော့ပါဘူး။

မဟုတ်သေးပါဘူး။ ဝမ်းလျှောတာပဲ ပိုဆိုးမှာပေါ့။

အိပ်ရာပေါ်မှာ ကိုယ်စောင်းလှည့်ပြီး တစ်ကျော့ပြန်အိပ်တုန်း ရှိသေးတယ် ဘာသံတွေမှန်းလည်းမသိ ဆူညံနေတာပဲ နားထဲကိုဝင်လာတာ။ နားငြီးလိုက်တာကွာ။ ဘယ်သူလုပ်နေတာလဲကွ? အိပ်မက်လိုလို ဘာလိုလိုနဲ့ ကြားနေရတဲ့အသံတွေကို လျစ်လျူရှုပြီး ကျွန်တော်ပြန်အိပ်ဖို့ကြိုးစားလိုက်တယ်။ အာ.... နားငြီးတယ် နားငြီးတယ်။ မရပ်နိုင်တော့ဘူးလား?? ကောင်းကောင်းကို မအိပ်ရဘူး။

မျက်လုံးတွေကို မဖွင့်ချင်ဖွင့်ချင်နဲ့ ရှုံ့မဲ့ဖွင့်လိုက်ရင်း ကျွန်တော် စိတ်တိုတိုနဲ့အော်ပလိုက်တယ်။ ပြီးတော့ အိပ်ချင်မူးတူးနဲ့ အိပ်ခန်းတံခါးကို လှမ်းမျက်စောင်းထိုးလိုက်တယ်။ နေပါဦး နေပါဦး။ ငါက တစ်ယောက်တည်းနေတာလေ။ အဲ့တံခါးနောက်မှာ ဘယ်သူရှိ ရှိ... သရဲ????

အီး.... ကြောက်တယ်ဗျို့

မဖြစ်နိုင်တာ။ နေ့ခင်းကြောင်တောင်ကြီးတော့ သရဲ မလာလောက်ပါဘူး။ ဟုတ်တယ်မလား? ဟုတ်ပါတယ်။

ကျွန်တော် ကြောက်ကြောက်နဲ့ စားပွဲပေါ်က နာရီကို လှမ်းကြည့်လိုက်မိတော့.... ဟင်?... နာရီက အချိန်မှားနေလားမသိ? ဒေါက် ဒေါက် ဒေါက် ဒေါက် ဒုန်း ဒုန်း ဒုန်း!!! တံခါးကလည်း ဘယ်သူလာထုနေတာလဲဟေ့??? ဆူညံနေတာပဲ ပဲ... ဟင်?? ခဏနေပါဦး..

Instant NoodlesTahanan ng mga kuwento. Tumuklas ngayon