Chapter 12 : Chicken Soup (U)

49 4 0
                                    

ကျွန်တော် အိမ်ထဲကို မောကြီးပန်းကြီးနဲ့ ပြေးဝင်လာခဲ့မိတယ်။ ကျွန်တော့် ရင်ဘက်တွေက နိမ့်ချည်မြင့်ချည်နဲ့ အသက်ကို အလုအယက်ရှူနေရတယ်။ ကျွန်တော့် ဘဝတစ်လျှောက်လုံး ဒီလောက်ထိ တစ်ခါမှမပြေးဖူးဘူး.. ဒီနေ့ကျမှ မနာလိုဖြစ်မိတာလေးတစ်ခုတည်း အတွက်နဲ့များ..

ခြေထောက်နှစ်ချောင်းလုံး ထုံကျင်နေပြီး ဆက်ရပ်ဖို့အားမရှိတော့လို့ အိမ်ရှေ့ခန်းက ဆိုဖာပေါ်မှာ ကျွန်တော် ပစ်လှဲချ ပစ်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်ခြေထောက်တွေ ဘယ်လောက်ပဲ ထုံကျင်ထုံကျင် အဲ့ဒီထုံကျင်မှုက ကျွန်တော့်နှလုံးသားထဲက နာကျင်မှုလောက်တော့ မပြင်းထန်ခဲ့ဘူး။ သူ့အတွက်နဲ့ အဲ့လိုခံစားနေရတဲ့ ကိုယ့်ကိုကိုယ်ကို တွေးလိုက်မိတိုင်း ကျွန်တော် မုန်းတယ်။ ဒါပေမဲ့ မတွေးပဲလည်း မနေနိုင်ဘူး။ အဲ့ဒီခံစားချက်ကလေ လေလိုပဲ.. အကောင်အထည်မပြနိုင်ဘူး.. ဒါပေမဲ့ ကျွန်တော့်ရင်ထဲမှာ အမြဲရှိနေတယ်။

ကျွန်တော် ပက်လက်အနေအထားကို ပြောင်းရင်း မျက်နှာကျက်ကိုကြည့်ပြီး အသက်ဝဝတစ်ချက် ရှူရှိုက်လိုက်တယ်။ ကျွန်တော့်မျက်နှာတစ်ခုလုံး ချွေးတွေကော မျက်ရည်တွေကော ပွပလဲနေတာပဲ။ စိတ်တွေရှုပ်ပြီး မျက်နှာတစ်ခုလုံးလည်း ပူလောင်နေတာပဲ။ မျက်နှာပေါ်မှာ စိုစိနေတဲ့ ချွေးတွေကောမျက်ရည်တွေကော ခြောက်သွားအောင် ကျွန်တော် လက်နဲ့ ခပ်ကြမ်းကြမ်း သုတ်ပစ်ပလိုက်တယ်။

"ဘယ်လိုတောင် လမ်းလယ်ခေါင်ကြီးမှာ ထိုင်ငိုမိရတာလဲ?" မျက်နှာကို လက်နဲ့အုပ်ထားရင်း ကျွန်တော် တစ်ယောက်တည်း ပြောနေမိတယ်။ "မသာ... စောင်ကျင့်မကောင်းတဲ့ကောင် Kris"

ကျွန်တော့်အာရုံထဲမှာ ခုနက Kris နဲ့ Lay စကားပြောနေတဲ့ပုံက ပြန်ပေါ်လာပြန်တယ်

"ငါ့ဆီ မင်း ဘယ်တော့မှ ထပ်မလာတော့ရင် ကောင်းမယ်" နောက် တစ်ကျော့ပြန် ထပ်ကျတော့မျက်ရည်တွေကို ချုပ်တည်းရင်း ကျွန်တော် ခပ်တိုးတိုးရေရွတ်လိုက်မိတယ်။ မငိုနဲ့စမ်း! တော်တော့ Park Chanyeol! မင်း တော်သင့်ပြီ!

ဪ.. အစွမ်းကုန် ထိန်းထားတဲ့ကြားထဲကမှ မျက်ရည်တစ်စက် ကျလာသေးတယ်။ ကျွန်တော်  စိတ်တိုတိုနဲ့ နောက်ထပ်မျက်ရည်တွေ ထပ်မကျလာခင် မြန်မြန်သုတ်ပစ်လိုက်တယ်။ "တိတ်စမ်း! မငိုနဲ့ Park Chanyeol" အဲ့လို ကိုယ့်ကိုကိုယ် သတိပေးနေပေမယ့်လည်း ဆိုဖာပေါ်မှာ ကျုံ့ကျုံ့လေးကွေးရင်း ကျွန်တော် ရှိုက်ကြီးတငင်ဆက်ငိုနေမိတယ်။ မုန်းတယ်... အခု ခံစားနေရတဲ့ ခံစားချက်ကြီးကို မုန်းတယ်... တစ်ခုခုကို ကိုယ်လိုချင်နေပေမယ့်လည်း အပိုင်ရအောင်လုပ်ဖို့ရာ ဘာမှမတတ်နိုင်တဲ့ ခံစားချက်မျိုး.. မုန်းတယ်ဗျာ..

Instant NoodlesDonde viven las historias. Descúbrelo ahora