တစ်ကိုယ်လုံး ပူအိုက်သလိုလို ခံစားလာရလို့ ကျွန်တော် အိပ်ရာကနေ နိုးလာခဲ့တယ်။ တဖြည်းဖြည်းချင်း မျက်စိကို ဖွင့်ကြည့်လိုက်တော့.. အမယ်လေး.. ကျွန်တော့်ကိုယ်ပေါ်မှာ စောင်က နှစ်ထပ်တောင်။ အဲ့လောက်ခြုံထားပေးမှတော့ မပူပဲရှိမလား? အပူရှပ်ပြီး အသက်ထွက်သွားနိုင်တယ်။ ကျွန်တော် မခံစားနိုင်တော့လို့ စောင်တွေကို ကိုယ်ပေါ်ကနေ ခြေထောက်နဲ့ မြန်မြန်ကန်ထုတ်ပစ်ပြီး ထထိုင်လိုက်တယ်။ ပြီးတော့ အိပ်ချင်မူးတူးနဲ့ ဆံပင်စုတ်ဖွားဖွားခေါင်းကို တဗျင်းဗျင်းကုတ်ရင်း Kris ကို ရှာနေမိတယ်။ ဟင်... ဆိုဖာပေါ်မှာလည်း မရှိတော့ပါလား? ဘယ်ရောက်သွားပါလိမ့်? အဲ့လိုနဲ့ ရုတ်တရက် မီးဖိုချောင်ဘက်ကို လှမ်းလည်းကြည့်လိုက်မိရော မီးဖိုရှေ့မှာအလုပ်ရှုပ်နေတဲ့ Kris ကို ကျွန်တော် လှမ်းမြင်လိုက်ရတယ်။
"Kris?" ကျွန်တော် သူ့ကို ခေါ်လိုက်မိတယ်။ ခုမှအိပ်ရာထခါစ အိပ်ချင်မူးတူးအူကြောင်ကြားအသံနဲ့ပေါ့... ကျွန်တော့်အသံကိုကြားတော့ သူက ပြန်လှည့်ကြည့်တယ်။ မနေ့ကထက်စာရင် သူ့မျက်နှာက တော်တော်ကြီးကို လန်းနေပြီ။ နေကောင်းသွားပြီထင်ပါရဲ့...
"Good Morning"
ရုတ်တရက် မမျှော်လင့်ထားမိတဲ့ အပြုံးချိုချိုတစ်ခုနဲ့ သူ နှုတ်ဆက်လိုက်တာကြောင့် မနက်စောစောစီးစီးမှာ ကျွန်တော့်နှလုံးသားတွေ ထိတ်ထိတ်ပြာပြာဖြစ်သွားရသေးတယ်။
"good-good morning"
အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်နှုတ်ဆက်ရင်း မတ်တပ်ထဖို့ကြိုးစားနေတဲ့ ကျွန်တော့်ကို ကြည့်ရင်း သူက ရယ်နေတယ်။
"ဘာတွေလုပ်နေတာလဲ?"
"မနက်စာလုပ်နေတာလေ"
ကျွန်တော် သူ့ဘေးနားကိုသွားပြီး ကြည့်လိုက်တော့ ဒယ်အိုးပြားပေါ်မှာ ထောပတ်ခဲတွေအရည်ပျော်ပြီးပြန့်သွားအောင် သူ က ဇွန်းတစ်ချောင်းနဲ့ မွှေနေတယ်။ တစ်ခုခုကြော်မလို့ထင်တယ်။ "pancake လား?"
"အင်း နည်းနည်းတော့ နီးစပ်တယ်" ကျွန်တော် မှန်းသန်းပြီးမေးလိုက်တော့ သူက ပြန်ဖြေတယ်။ "pajeon လုပ်နေတာ"
ESTÁS LEYENDO
Instant Noodles
Fanfic"Can a person who can't teach, teach a person who can't cook?" original story by keychained