Chapter 4 : Tteokbokki (Z)

2.7K 291 18
                                    

ဆိုတော့... အခုကစပြီး Kris ကို အနိုင်ပိုင်းနိုင်ဖို့ နည်းလမ်းတွေ ရှာရတော့မှာပေါ့လေ။ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံဆိုတော့လည်း ကြိုးစားလိုက်ဦးပေါ့ Park Chanyeol ရေ။ တွေးရင်းနဲ့ ပြိုင်ပွဲရဲ့ အဆုံးသတ်မှာ ကျွန်တော်ချက်ထားတဲ့ဟင်းကို စားရင်း ပါးစပ်အဟောင်းသားနဲ့ ဖြစ်သွားတဲ့ Kris ရဲ့ ပုံစံကို မြင်ယောင်မိလိုက်သေး။ အားရစရာကြီး။ ကျေနပ်မိတယ်...ပီတိဖြစ်မိတယ်ကွာ.. ဟာ..ဟ

ဒါနဲ့ပဲ စိတ်ကူးတွေလက်တွေ့ဖြစ်လာဖို့ ပထမအဆင့်အနေနဲ့ ဟင်းချက်နည်းစာအုပ်ဝယ်ဖို့ စာအုပ်ဆိုင်ကို ကျွန်တော် ရောက်လာခဲ့တယ်။ Kris လက်ဖျားခါသွားလောက်တဲ့ ဟင်းအမယ်တွေရေးထားတဲ့ စာအုပ်မျိုးကို ရှာဖို့ပေါ့။

"စာအုပ်တွေကလည်း နည်းနည်းနောနောမဟုတ်ဘူး" စာအုပ်စင်တွေကြားမှာ ဟင်းချက်နည်းစာအုပ်တွေကို ရပ်ကြည့်ရင်း ကျွန်တော်သက်ပြင်းချလိုက်မိတယ်။ စလာကတည်းက အားကလျော့ချင်ချင်ဖြစ်လာပြီ။

အသားဟင်းချက်ရမှာလား။ ငါးလား။ အသီးအရွက်ဆိုရင်ကော။ ဟင်းမချက်ပဲ အချိုပွဲမုန့်တွေ လုပ်ရင်ကော။ ရှိရှိသမျှ ဟင်းချက်နည်းစာအုပ်တွေ လိုက်လှန်ဖတ်ကြည့်ရင်း ကျွန်တော် ရူးချင်ချင်ဖြစ်လာတယ်။ ဘာရွေးလို့ရွေးရမှန်းလည်း ခုထိမသိသေးဘူး။ ဟင်းချက်နည်း စာအုပ်ရှာရတာ ဒီလောက်ပဲ ခက်သလား။

စာအုပ်စင်ရဲ့ ဟိုဘက်တစ်ခြမ်းကို သွားမလို့ အလုပ်မှာတော့ ဟိုဘက်ကနေလာနေတဲ့ လူတစ်ယောက်နဲ့ ကျွန်တော် မတော်တဆ ဝင်တိုက်မိသွားတယ်။ ကြည့်လိုက်တော့ လူကောင်သေးညှက်ညှက် မျက်လုံးပြူးပြူးနဲ့ Kyung Soo ဖြစ်နေပါရောလား။ "ဟေ့ကောင်"

"ဟင်.. Chanyeol hyung ပါလား" ကျွန်တော့်ကို မြင်သွားတော့ Kyung Soo က တအံ့တသြ မျက်လုံးပြူးပြီး ဝမ်းသာအားရနှုတ်ဆက်တယ်။ "သတင်းမကြားဘာမကြားနဲ့ ပျောက်နေလိုက်တာကြာတော့ အသက်တောင်ရှိသေးရဲ့လားလို့တောင် ထင်နေတာ"

"မင်းအမေကြီးတော်မို့ ငါက သေရမှာလား?" ကျွန်တော်က သူ့ရဲ့ ရင်ဘတ်ကို လက်သီးနဲ့ထိုးရင်း ပြန်နောက်လိုက်တယ်။ ဟိုက်.. ကျွန်တော်ထိုးလိုက်တာက ခပ်သာသာလေးကို သူ့ပုံက ဆိုင်အပြင်ဘက်တောင် လွင့်ထွက်သွားတော့မယ့် အတိုင်းပဲ။ "မင်းက ဒီမှာ ဘာလာလုပ်တာလဲ?"

Instant NoodlesDonde viven las historias. Descúbrelo ahora