Chapter 9 : Yakbap (U)

38 2 0
                                    

ကိုယ့်ကိုသင်ပေးတဲ့ဆရာတစ်ယောက်နဲ့ အနမ်းချင်း ဖလှယ်မိမယ်လို့ ကျွန်တော် တစ်သက်နဲ့တစ်ကိုယ် အိပ်မက်တောင်မမက်ဖူးပါဘူးဗျာ။ တကယ်လို့ မဖြစ်မနေ လုပ်ရမယ့်စာရင်းမှာပါရမယ်ဆိုရင်တောင် အဲ့စာရင်းရဲ့နောက်ဆုံးမှာမှ ရေးမိမှာ။ ခုတော့ ဘာတွေဖြစ်ကုန်ပြီလဲဗျာ။ နမ်းရုံနမ်းတာထက်တောင် ပိုပြီး စိတ်ကူးမယဉ်မိဖူးတဲ့ဟာတွေပါ လုပ်နေပြီ။ ပြီးတော့လည်း ကျွန်တော် တစ်သက်လုံးအမြင်ကတ်မယ်လို့ ထင်ထားမိတဲ့ သူနဲ့မှ။

Kris က စတီးထိုင်ခုံပေါ်မှာဆက်ထိုင်နေတုန်းပဲ။ ကျွန်တော်ကတော့ ခုနကအဖြစ်အပျက်တွေကြောင့် အင်အားချိနဲ့စွာနဲ့ သူ့ရင်ခွင်ထဲမှာ။ ကျွန်တော့်ခန္ဓာကိုယ်က သူ့ခြေထောက်နှစ်ချောင်းကြားထဲမှာရှိနေပြီး သူ့ရဲ့လက်တွေကတော့ ကျွန်တော့်ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားတယ်။ ကျွန်တော် သူ့ကို မှီတွယ်ထားမိတယ်။ ဘာမှတော့မဟုတ်ပါဘူး။ မျက်လုံးထဲမှာ ဘေးတစောင်း မြင်နေရတဲ့ သူ့နီရဲရဲနားရွက်တွေကို ငေးကြည့်ရင်းပေါ့။ အိုး.. ထမင်းကြော်ပန်းကန်ထဲက ပုစွန်တွေနဲ့တောင် တူသလားလို့။ နီနီရဲရဲ ကွေးကွေးလေးလေ။ ကျွန်တော် ငေးကြည့်နေရင်း ကိုယ့်နှုတ်ခမ်းကိုယ် လျှာနဲ့သပ်လိုက်မိပြန်တယ်။ ကျွန်တော့်အပြုအမူကို သူ သတိထားမိသွားတယ်နဲ့ တူတယ်။ သူ ခပ်တိုးတိုးရယ်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့နားက သူ့ရင်ဘက်ပေါ်မှာ အပ်နေတာဆိုတော့ အကျယ်ကြီးပဲဗျ။

"ဘာကြည့်နေတာလဲ?" ကျွန်တော့်ရဲ့ခါးကို အဖိုးတန်ပစ္စည်းတစ်ခုလို သူ့လက်တွေနဲ့ ပွတ်သပ်နေ ရင်း Kris က မေးလိုက်တယ်။ "ဗိုက်ဆာနေပြီမလား သစ်ကုလားအုတ်"

"ငါ့ကို အဲ့လို မခေါ်-" ခါးကိုပွတ်သပ်နေတဲ့သူ့လက်တွေက ရုတ်တရက်ကြီး ကျွန်တော့်တင်ပါးတွေဆီ လျှောဆင်းသွားတော့ ပြောနေတဲ့စကားတောင် တစ်ဝက်တန်းလန်းနဲ့တင် ရပ်သွားတယ်။ သူက ကျွန်တော့်ရဲ့ အဲ့နေရာကို တကယ့်ကို နုနုရွရွ ဆုတ်နယ်နေတယ်။ ကျွန်တော့်စိတ်ထဲမှာ သူရပ်သွားပါစေလို့ ဆုတောင်းနေမိပေမဲ့လည်း အထိအတွေ့ရဲ့ခံစားချက်က အရမ်းကောင်းလွန်းနေတယ်။

Instant NoodlesWhere stories live. Discover now