ကတိပေးထားတဲ့အတိုင်း အိမ်ပြန်ရောက်တာနဲ့ချက်ချင်းပဲကျွန်တော် သူ့ဆီဖုန်းဆက်လိုက်တယ်။ ဖုန်းဝင်ဝင်ချင်းမှာပဲ ဟိုဘက်ကနေ သူ ကိုင်တယ်။ ဘာလား? ငါဖုန်းဆက်တာကို သူ ထိုင်စောင့်နေတယ်ဆိုတဲ့ သဘောလား? တကယ်ကြီး? မသိတော့ဘူးဗျာ... ကျွန်တော့်ပါးနှစ်ဖက်ကတော့ ရှက်လွန်းလို့ တော်တော်နီရဲနေပြီ။
"အိမ်ပြန်ရောက်ပြီ" ကျွန်တော် အူတီးအူကြောင်နဲ့ ဖုန်းပြောရင်း ကုတ်အင်္ကျီကိုချွတ်ပြီး ဆိုဖာပေါ်ကိုပစ်တင်လိုက်တယ်။ ပြီးတော့ ကိုယ်တိုင်လည်း မောမောနဲ့ အဲ့ဒီဆိုဖာပေါ်မှာပဲ ခြေပစ်လက်ပစ်ထိုင်ချလိုက်တယ်။
"အင်း" သူက တစ်ဖက်ကနေ ပြန်ဖြေတယ်။ "အိမ်မှာ ဘာပစ္စည်းညာပစ္စည်းတွေ ပျောက်မပျောက်စစ်ပြီးပြီလား?"
ဘာလား? အမေကြီးကျနေရောပဲ.. ကျွန်တော် ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေရင်းကပဲ အခန်းထဲကို အဖြစ်သဘော မျက်လုံးနဲ့ တစ်ချက်ဝေ့ကြည့်လိုက်တယ်။ ပင်ပန်းလွန်းလို့ ထစစ်ဖို့နေနေသာသာ ကိုယ်တွေလက်တွေတောင် မသယ်နိုင်တော့ဘူး။ နောက်မှစစ်လည်း ရတာပဲလေ။ ဟုတ်ဖူးလား? အခုစစ်စစ် နောက်စစ်စစ် ပျောက်တဲ့ပစ္စည်းက ပျောက်မှာပဲ။ ဘာမှထူးသွားတာမှ မဟုတ်တာ။ အခုတော့ အရမ်းပင်ပန်းနေပြီ။ ဘာဆိုဘာမှမလုပ်နိုင်တော့ဘူး။ "အကုန်လုံးရှိသားပဲ.. ဘာမှမပျောက်ဘူး"
"Chanyeol" တစ်ဖက်က သူ့တုံ့ပြန်သံက စိတ်ပျက်နေတဲ့ပုံ။ ကျွန်တော် ဆိုဖာပေါ်မှာပဲ ခြေပစ်လက်ပစ်အိပ်နေပြီး ဘာပစ္စည်းမှ ထ မစစ်တာကို သိနေတဲ့ပုံကြီး။
"စစ်မယ်ကွာ.. စစ်မယ်... မနက်ကျရင် နိုးတာနဲ့ အကုန် သေချာစစ်လိုက်မယ်" ခြေထောက်ကရှူးဖိနပ်တွေကို ချွတ်ပြီး ကျွန်တော် အဝေးတစ်နေရာကို ကန်ထုတ်ပစ်လိုက်တယ်။ ပြီးတော့ ဆိုဖာပေါ်ကို ထိုင်နေရာကနေ အပြီးလဲှချ အိပ်ပစ်လိုက်တယ်။
"တကယ်ပဲကွာ.." သူက သက်ပြင်းချလိုက်တယ်။ "မင်းနဲ့တော့ ဘာလုပ်လို့လုပ်ပေးရမှန်းတောင် မသိတော့ဘူး"
"ဒါဆိုလည်း... တစ်ယောက်တည်း ဘာဖြစ်ဖြစ်ဆိုပြီး ပစ်ထားပေးလိုက်ပါလား?" ကျွန်တော် ဖုန်းပြောရင်း ဆိုဖာပေါ်ကနေ အိပ်ခန်းဆီကို ထသွားလိုက်တယ်။ "မနက်ဖြန်လာမှာလား?"
VOUS LISEZ
Instant Noodles
Fanfiction"Can a person who can't teach, teach a person who can't cook?" original story by keychained