Chapter 1 : Galbitang (U)

151 16 3
                                    

"ဒီဟာတွေက ဘာတွေလဲ????" ကျွန်တော့်ကို ဟင်းချက်သင်ပေးမယ့်ဆရာက ကျွန်တော်လုပ်ထားတာတွေကို မျက်လုံးပြူးကြည့်ရင်း အော်လိုက်တယ်။ ကျွန်တော့်လို လန်ဘားတစ်ယောက်ထက်တောင် မယုံနိုင်စရာကောင်းလောက်အောင် သူ့အရပ်ကမြင့်သေး။

"galbitang လုပ်နေတာလေ" ကျွန်တော်လည်း အမြင်ကတ်ကတ်နဲ့ ကိုယ့်ဘာသာကိုယ်လုပ်ထားတဲ့ ပန်းကန်လုံးထဲက ချေးတွေလိုလို ဘာမှန်းမသိတဲ့ ညစ်ညစ်ပတ်ပတ်ဟာတွေကို ကြည့်ရင်း ငေါ့တော့တော့ ပြန်ဖြေလိုက်တယ်။ "မမြင်ဘူးလား?"

"သြော်.. ဟုတ်လား? ဘယ်လောက်တောင် စားကောင်းမယ့် galbitang လဲမသိဘူးနော်.." လူတကာကို ကပ်သီးကပ်ဖဲ့ပြောဖို့ဆိုရင် သူ့ပါးစပ်က စကားလုံးလှလှမျိုးစုံက ဖတ်ခနဲဖတ်ခနဲ ထွက်လာပြီးသား.. ဒီကောင်တော့!!

"သြော်... အေး...အေး... ကျေးဇူးပဲနော်" သူ့ကိုသာပြောနေတာ.. ကျွန်တော်လည်း ဒီပုပ်ထဲကဒီပဲ မထူးခြားနားပါပဲ။

သူက ကျွန်တော့်ကို ပြန်စိုက်ကြည့်ပြီး ပြောလိုက်တယ်.. "ငါ့ကို ဒီဟာကြီးတွေ ကျွေးဖို့စိတ်ကူးနေတာတော့ မဟုတ်လောက်ပါဘူးနော်?"

"ငါချက်တာ မမြည်းပေးပဲ ထိုင်နေရအောင် မင်းအလုပ်က ဘာမို့လို့လဲ?" ကျွန်တော် စိတ်ပေါက်ပေါက်နဲ့ ပြန်အော်ပစ်လိုက်တယ်။

"ဒါလေးတောင်မသိဘူးလား? ငါ့အလုပ်က မင်းကို စာသင်ဖို့လေ"

"သြော်... ဟုတ်လား? အလုပ်တွေ တော်တော်ကြိုးစားလို့ ပင်ပန်းသွားဦးမယ်" ကျွန်တော် မကျေမနပ်နဲ့ နှုတ်ခမ်းကို စူပုပ်ထားလိုက်မိတယ်။

"မင်းက တော်တော်ဖျင်းတဲ့ တပည့်ပဲ" ကျွန်တော် ဘယ်လိုမှ ဆက်သည်းမခံနိုင်တော့ဘူး!!!!

ကျွန်တော့် လက်ရှိဘဝအခြေအနေကတော့ အဲ့ဒါပါပဲဗျာ။ ခုထက်စာရင် အရင်တုန်းက ခေါက်ဆွဲပြုပ်နဲ့ နှစ်ပါးသွားရတဲ့ ဘဝလေးကမှ သာယာသေးတယ်။ တွေ့တဲ့အတိုင်းပဲ... ကျွန်တော်က ရည်းစားမရှိ ဘာမရှိနဲ့ တဖြည်းဖြည်း လူပျိုကြီးဂိုဏ်းဝင်လာပြီ။ ဒီတော့ လွတ်လပ်တယ်.. တစ်ယောက်တည်းနေတယ်.. ဟင်းကလည်း မချက်တတ်တော့ ရယ်ဒီမိတ်တွေပဲ တစ်နေ့တစ်နေ့စားရင်း အသက်ရှင်ခဲ့တယ်။ ဗွင်းဗွင်းပြောရမယ်ဆိုရင်တော့ ရယ်ဒီမိတ်စားသတ္တဝါ ဖြစ်ခဲ့တယ်ပေါ့ဗျာ။ ဟုတ်တယ်.. ကျွန်တော်ဟင်းမချက်တတ်ဘူး။ အဲ့ဒါကြောင့်မို့လည်း ဒီလို အဖြစ်ဆိုးတွေနဲ့ ကြုံရတာ။ တစ်ခါက အပြင်စာရယ်ဒီမိတ်တွေ စားပြီး ဝမ်းလျှောတာ အိမ်သာထဲမှာ တစ်ပတ်လောက် နေလိုက်ရတယ်လေ။ အဲ့ဒီတုန်းက ကျွန်တော့်သူငယ်ချင်း KyungSoo က သတင်းကြားပြီး ကြက်သားစွပ်ပြုပ်တွေလုပ်လာပေးတယ်။ ပြီးတော့ ဒီလိုမျိုးသိပ်ကောင်းတဲ့အကြံကိုပါပေးသွားတာပါပဲ။

Instant NoodlesDonde viven las historias. Descúbrelo ahora