Chapter 15 : Guan Chang (U)

75 2 0
                                    

တကယ်လို့များ တစ်ယောက်ယောက်ကိုသာ ချစ်မိသွားခဲ့ပြီဆိုရင် လက်ရှိဘဝမှာ အရင်က အရေးမပါဘူး မလိုအပ်ဘူးလို့ ထင်နေတဲ့အရာတွေကို တဖြည်းဖြည်းချင်း စပြီး လိုအပ်လာလိမ့်မယ်။ ပြီးတော့ အဲ့ဒီအရာတွေကို ပြီးပြည့်စုံလာအောင် ဖြည့်ဆည်းပေးနိုင်တဲ့လူဟာလည်း ကိုယ်ချစ်မိနေတဲ့ တစ်ယောက်တည်းသောသူပဲ ဖြစ်လိမ့်မယ်။ ဟုတ်တယ်... Kris အနားမှာရှိနေတိုင်း ကျွန်တော့်ရင်ထဲမှာ ခံစားနေရတဲ့ ခံစားချက်က ဒီအတိုင်းပဲ... တစ်နေ့တစ်နေ့ မပြီးဆုံးနိုင်တဲ့ သူရဲ့ တဗျစ်တောက်တောက် ဝေဖန်ချက်တွေကြောင့် ကျွန်တော်ကိုယ်တိုင်တောင် အရင်က သတိမထားမိတဲ့ လိုအပ်ချက်တွေကို တဖြည်းဖြည်းချင်း ကျွန်တော် သတိပြုမိလာခဲ့တယ်။ ထားပါတော့... ဒါအရေးမကြီးပါဘူး... အခုလောလောဆယ် ကျွန်တော် သိချင်နေတာက သူရော ကျွန်တော့်ကြောင့် ဒီလိုခံစားချက်မျိုးကို ခံစားနေရလား? ကျွန်တော့်ရဲ့စကားတွေကရော သူ့အပေါ်ကို ဒီလို သက်ရောက်မှုမျိုးရှိလား? သူ့ဘဝမှာ လိုအပ်နေတဲ့အရာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ တစ်ဦးတည်းသောသူကရော ကျွန်တော် ဖြစ်နိုင်မှာလား?

"အာ့!" ခါးနဲ့ စားပွဲခုံစောင်းနဲ့ ထိမိသွားတာမို့လို့ ကျွန်တော် ညည်းညူလိုက်မိတယ်။ ဒါပေမဲ့ အရမ်းနာသွားတာတော့ မဟုတ်ပါဘူး။ နာခြင်း မနာခြင်းမှာလည်း ကျွန်တော့် စိတ်အာရုံတွေက ရှိမနေပါဘူး။ ကျွန်တော့်ရဲ့ အသိဉာဏ်တွေအားလုံးက ကျွန်တော့်နားရွက်ကားကားတွေကို တရှိုက်မက်မက် နမ်းရှိုက်ထိတွေ့နေတဲ့ Kris ရဲ့ ပူနွေးနွေး စိုစိစိ လျှာဖျားတွေအောက်မှာ ထွေပြားနေပြီလေ။

ကျွန်တော့်ရဲ့ရင်ဘတ်တွေက နှိမ့်ချည်မြင့်ချည်နဲ့ Kris ရဲ့ အနမ်းမိုးတွေအောက်မှာ သက်ရှူဖို့ကို အနိုင်နိုင်ကြိုးစားနေရတယ်။ နှာခေါင်းထိပ်ဖျားနဲ့ နှုတ်ခမ်းဝက ပူနွေးနွေး ဝင်သက်ထွက်သက်တု့ိကလည်း တအင်းအင်း ညည်းညူသံတွေနဲ့အတူ တဖြည်းဖြည်း အရှိန်အဟုန်ပြင်းထန်လာတယ်။ ကျွန်တော့်ရဲ့ လက်ချောင်းတွေကတော့ Kris ရဲ့ အင်္ကျီနောက်ကျောကို အားကိုးရာအဖြစ် ကြေမွနေအောင် ကုတ်ခြစ်ဆွဲဆုတ်ထားမိတယ်။ "အင်း.. ဟင်း... ဒီ.. ဒီမှာ မလုပ်နဲ့.."

Instant NoodlesWhere stories live. Discover now