Chapter 16 : Sundubu jjigae (Z)

2.2K 220 36
                                    

"Chanyeol?"

ကျွန်တော့်နာမည်ကိုခေါ်လိုက်တဲ့ Kris ရဲ့အသံက အရမ်းနီးကပ်လွန်းနေတာကြောင့် ကျွန်တော့်နှလုံးသားတွေဟာ အရည်ပျော်ကျသွားမတတ်ပဲ။ နှလုံးသားတင်မကလို့ တစ်ကိုယ်လုံးပဲ အရည်ပျော်ကျချင်ကျသွားပါစေ ကျွန်တော် အဲ့ဒီအသံကို ထပ်ကြားချင်သေးတယ်။ ကျွန်တော် သူ့ကို ပိုပြီးတင်းကြပ်နေအောင် ပွေ့ဖက်ထားလိုက်မိတယ်။ သူတော့ စိတ်မဆိုးလောက်ဘူး ထင်ပါရဲ့.. အခု ကျွန်တော်လုပ်နေတာတွေအားလုံးက ခါတိုင်းလိုမျိုး သူသာ လှောင်ပြောင်ပြီးစကားနာထိုးချင်တယ်ဆိုရင် စကားနာထိုးချင်စရာတွေချည်းပဲ။ ဒါပေမဲ့ အခု သူ အဲ့လိုလုပ်မယ်ဆိုရင်တောင် ကျွန်တော် ဂရုမစိုက်ပါဘူး။

သူက ကျွန်တော့်နာမည်ကို ခေါ်ရုံခေါ်ပြီး ဘာမှဆက်မပြောဘူး။ ဒီတိုင်းပဲ သက်ပြင်းချရင်း တင်းကြပ်နေအောင် ဆက်ပြီးဖက်ထားတယ်။ ပူးကပ်နေတဲ့ ရင်ဘတ်နှစ်ခုကြားက ထွက်ပေါ်နေတဲ့ သူ့ရဲ့ ရင်ခုန်သံတဒိန်းဒိန်းကို ကျွန်တော် အတိုင်းသားကြားနေရတယ်။ ဟင်.. ဟုတ်မှဟုတ်ရဲ့လား? ကျွန်တော် မယုံကြည်နိုင်ဘူး... ဒါပေမဲ့ ကျွန်တော့်ရဲ့ရင်ဘက်က တဒိန်းဒိန်းလှုပ်ရှားနေတဲ့ သူ့ရဲ့နှလုံးသားကို အသေအချာကြီး ခံစားနေရတယ်။ အံ့အားသင့်နေတဲ့ မျက်လုံးအဝိုင်းသားနဲ့ ကျွန်တော် သူ့မျက်နှာကို လှမ်းမော့ကြည့်မိလိုက်တယ်။ သူကလည်း ကျွန်တော့်ကို ပြန်ကြည့်နေတယ်။

"ငါ့ဆီကနေရော ကြားရလို့လား?" ကျွန်တော် မေးလိုက်မိတယ်။

သူက သူဖြေမယ့်အဖြေနဲ့ ကျွန်တော်မေးတဲ့မေးခွန်းကို ကိုက်မကိုက် အကြာကြီးစဉ်းစားနေတယ်။ ပြီးမှ ပြန်ဖြေလိုက်တယ်။ "အင်း.. အကျယ်ကြီးပဲ"

ကျွန်တော့်မျက်နှာတွေတော့ နီရဲကုန်ပါပြီ။ ရှက်လွန်းလို့ သူ့ကိုဖက်ထားရာကနေ ကျွန်တော် မြန်မြန်ဆွဲခွာလိုက်တယ်။

"Chanyeol" သူ့နှုတ်ခမ်းဖျားကနေ ကျွန်တော့်နာမည်ကို ခေါ်လိုက်တဲ့အခါမှာတော့ ကျွန်တော့်မှာလေ ကြက်သီးတွေပါ တဖြန်းဖြန်းထလာတယ်။ "မနက်တုန်းက မင်းပြောတာလေ.. ငါ့ရဲ့အကျင့်ကို မုန်းတယ်ဆိုတာ.."

Instant NoodlesDonde viven las historias. Descúbrelo ahora