Chapter 2 : Jiaozi (U)

43 10 0
                                    

ကျွန်တော်နဲ့ Kris စတွေ့တာ ခုဆိုတစ်ပတ်တောင်ရှိသွားပြီ။ Kris? သြော်.. ဟုတ်တယ်.. Kris.. သူ့နာမည်အရင်းကတော့ YiFan.. ဒါပေမယ့် ကိုယ်တော်ချောက သူ့ကို Kris လို့ခေါ်တာ ပိုကြိုက်တယ်တဲ့လေ။ သူ့ဘာသာသူ ဘယ်နားကနေ ဘယ်လိုပေးထားတဲ့ နာမည်လဲမသိပါဘူး။ စိတ်လေပါတယ်။ သိချင်ရင်တော့ သူ့ကိုပဲ ကိုယ့်ဘာသာကိုယ် သွားမေးကြတော့။ အဟမ်း... သူ့ပုံစံကပြောရမယ်ဆိုရင် ကြည့်လို့တော့အကောင်းသား။ အရပ်လည်းရှည်တယ်။ ချောလည်းချောတယ်။ သူ့ကိုယ်နံ့ကလည်း မွှေး (အဲ.. ဘာတွေလျှောက်ပြောနေမိပါလိမ့်) ထားပါတော့။ လန်းတယ်ပေါ့ဗျာ။ ဒါပေမယ့် လူကလန်းသလောက် စာသင်တာကတော့ ဘာပြောလို့ပြောရမှန်းတောင် မသိတော့ဘူး။ လုံးဝ လုံးဝ ဂွမ်းပဲဗျို့။ ဂွမ်းတယ်ဆိုတဲ့ စကားလုံးနဲ့ ကောင်းကောင်းကြီး ယဉ်ပါးနေတဲ့ ကျွန်တော် Park Chanyeol မှ သူ ဂွမ်းတာ မသိရင် ခုချက်ချင်း လဲသေလိုက်ဖို့ကောင်းနေပြီ။ ကျွန်တော်က ဟင်းချက်တိုင်း ဂွမ်းလေ။ ဟီး။ ကျွန်တော် ဂွမ်းတာက အားလုံးသိပြီးသားဆိုတော့ ရှည်ရှည်ဝေးဝေး ပြောပြမနေတော့ဘူး။ သူ့အကြောင်းပဲ ပြောတော့မယ်။ သူ နေ့တိုင်းအိမ်လာပြီး သင်သင်ပေးနေတာ တစ်ပတ်တောင်ရှိသွားပြီနော်။ အဲ့ဒီတော့ ကျွန်တော် ဘာတွေတတ်သွားပြီလဲ ပြောပြရမလား? ကြက်ဥနဲ့ဘဲဥ ဘာကွာလဲ ခွဲတတ်သွားပြီလေ။ မရယ်နဲ့ မရယ်နဲ့။ စိတ်ဆင်းရဲတယ်။ ရှင်းရှင်းပြောရရင် ဘာဆိုဘာမှ မတတ်ဘူး။

ဒီနေ့လည်း ကျွန်တော့်ကို သင်ပေးဖို့ ဆရာသမား ကြွလာပြန်ပြီ။ မဟုတ်သေးဘူး။ သင်ပေးဖို့ ဆိုတာထက် ဆူဖို့ဆဲဖို့အော်ဖို့ငေါက်ဖို့ လာတာဆိုရင် ပိုမှန်လိမ့်မယ်။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။ မနေ့တုန်းကလည်း သူ့အတိုင်း Galbitang လိုက်လုပ်တာ ဘာတွေဖြစ်သွားမှန်းမသိပါဘူး။ ကျွန်တော့်ရဲ မည်းမည်းတူးတူး ဂန္ထဝင်လက်ရာပေါ့ဗျာ။ ဟိဟိ။ ရှေ့နေ့တွေတုန်းကလည်း အဲ့အတိုင်းပဲ။ သူကလည်း ဒီလောက်ဖြစ်နေတာတောင် တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် ပြောင်းသင်နိုင်လွန်းတယ်။ တစ်ခုမရရင် အဲ့တစ်ခုကို မရမချင်း သင်ပါလား? ခုတော့ ဘာတွေလုပ်နေမှန်းလဲ မသိဘူး။ တစ်ခုလေးမရတာနဲ့ နောက်တစ်ခုပြောင်းလုပ်ခိုင်းနေတာပဲ။ ဒီနေ့လည်း နောက်အသစ်တစ်မျိုးလုပ်ခိုင်းဖို့ ပစ္စည်းတွေထပ်ယူလာတယ်လေ။

Instant NoodlesOnde histórias criam vida. Descubra agora