ရှဲ့ယွင် ခံတပ်မှထွက်လာကာ သုံ့လောနယ်မြေဘဲထွက်လာခဲ့သည် သုံ့လောနယ်မြေသုံ့လောနယ်မြေဆိုတာက စွမ်းအားရှင်တွေစုစည်းပီး အမြဲလိုလိုအပြိုင်အဆိုင်များသည် ခံတပ်ဘက်မှာတော့ဓါးသိုင်းပညာရှင်များနှင့်ကိုယ်ဖော့ပညာရှင်များသာရှိသည် သူကတော့ကိုယ်ဖော့ကျွမ်းကျင်သူတစ်ယောင်ဖြစ်သော်လည်း ရောဂါရှိသည်မို့သိုင်းပညာသိပ်မတတ်ပေ ရှောင်ရန်ဆောင်ရန်လောက်သာတတ်သည် သို့သော်လည်းအားဖေရှိသည်မို့မပူပန်ရပေ အခုတော့အားဖေလုပ်ကြံခံရကာဆုံးပါးသွားသည် သူဘယ်သူ့ကိုမှအပစ်မမြင်ချင် အရာရာတိုင်း အကျိုးအကြောင်းရှိသည်ချည်းပင် မဟုတ်ပါလား အားဖေမရှိတော့ခံတက်မှမနေချင်တာကြောင့် သုံ့လောနယ်မြေဘက်ထွက်ခဲ့သည် သူအခုရောက်နေသည်မှာ သစ်တောတစ်ခုပင်မြင်မြင်သမျှစိမ်းစိုနေသည်မို့ စိတ်ချမ်းသာဖွယ်ချည်းပင် သူတစ်နေရာအရောက်
ရှဲ့-ဟင် ဒီလူ
ရှဲ့ယွင် မြင်လိုက်သည်ကယောက်ျားတစ်ယောက် မြေပြင်ပေါ်မေ့လဲနေသည်ပင် သူလည်းအနားပြေးကာကြည့်လိုက်တော့ သေနေသည့်ပုံမပေါ် သူထိုလူရဲ့နှာခေါင်းနားလက်ညိုးနဲ့လက်ခလယ်ပူးကာ အသက်ရှူမရှုစမ်းကြည့်လိုက်သည် အသက်ရှုနေသည်မို့သတိမေ့မျောနေတာဖြစ်နိုင်သည် သူလဲထိုလူကိုကျောပိုးကာ တစ်ခြားနေရာသို့ခေါ်လာခဲ့သည် ဒီနေရာကတောအုပ်ကြောင့် သားရဲပေါမည်မှာအမှန်ပင် တော်တော်လေးတာဘဲခန္ဓာကိုယ်ကပိန်သွယ်သွယ်လေးမို့ ပေါ့မည်ထင်ခဲ့တာသူ့အမှား သူလဲတောအုပ်ကထွက်တာသစ်ပင်တွေပြည့်နှက်နေသော ကျောက်တောင်ကုန်းတစ်ခု သာမန်လူတွေမတက်နိုင်သော်လည်း ကိုယ်ဖော့ကျွမ်းကျွင်တဲ့သူ့အဖို့တော့ အလွယ်လေးပင် သူတစ်ယောက်တည်းဆို ခဏလေးနဲ့ပင်တောင်ထိပ်ရောက်နိုင်သော်လည်း သူပိုးခေါ်လာသည့်လူနှင့် မှန်းသလောက်မရောက်ပေ ခဏကြာတော့တောင်ထိပ်ပေါ်ရောက်သွားသည် တောင်ထိပ်ရောက်တော့သစ်ပင်တစ်ပင်အောက်ထိုလူကိုချကာ နေရာပြုလုပ်ရန်စဥ်းစားလိုက်သည် ကျောက်တောင်မို့သားရဲမလာနိုင်သလို လူတစ်ချို့လဲမတက်လာနိုင်လောက်ဖူးမလား သူထိုနေရာတွင်သာနေရန်ဆုံးဖြတ်ပီး သစ်ပင်တစ်ပင်လောက်လှဲကာတိုင်စိုက်လိုက်သည် သူလဲဝတ်စုံတစ်စုံထုတ်ကာ ကျောက်တောင်ကြားတွင်ရှိနေသောစမ်းချောင်းလေးတွင်ရေချိုးလိုက်သည် ရေချိုးအပီးရေသောက်ရန်သောက်ရန်နည်းနည်းခပ်လာခဲ့လိုက်သည် လူဟုတ်တယ်စောနားကလူလဲရေဆာမလား သတိမေ့နေပေမယ့်ရေဆာမှာပေါ့ သူလဲသတိမေ့နေသောလူကိုရေနည်းနည်းတိုက်လိုက်တယ် ဟွန်းလူကသာသတိမေ့နေတာ ရေကျသောက်နိူင်သားဘဲ သူလဲနေ့နေ့ညညအိမ်ဆောက်သည်မှာတစ်ပတ်ပင်ပြည့်ပီ သူ့အိမ်တောင်ပီးသွားပီ ထိုလူမှာသတိမရသေး မဖြစ်သေးပါဘူးဆေးပင်ရှာထွက်မှပါ သတိမရနိုင်ဘဲသေ သွားကာမှသူမနေရဲဘူး ရှဲ့ယွင်တစ်ယောက်တွေးရင်းတောရင်းဆေးပင်များရှာရန် ထွက်လာခဲ့သည် ကျောက်တောင်ဖြစ်နေတော့ကျောက်မှာပေါက်သည့်ဆေးပင်သာရှိသည် ထို့ကြောင့် တောင်အောက်ဆင်းကာဆေးပင်ရှာရတော့သည်
———————
ဟင်း ရှောင်ဝူရှောင်ဝူ ရှောင်ဝူ