ထန်-ရှဲ့ယွင် ဘယ်သူလဲ ဘယ်သူလုပ်တာလဲ
ဆရာ-လာထန်စန်းထပ်မနေသင့်တော့ဘူး အကုန်ဒုက္ခရောက်ကုန်မယ်
ထန်-ဘယ်သူလုပ်တာလဲလို့
ဆရာ-ထန်စန်း မင်းပါဒုက္ခရောက်ရင် ရှဲ့ယွင်ကိုဘယ်သူဂရုစိုက်ပေးမှာလဲ လာပါထန်စန်းတစ်ယောက်မေ့မျောနေသော ရှဲ့ယွင်ကိုပွေ့ကာ ဒေါသတကြီးအော်ဟစ်နေသည်မို့ ဆရာမှာအော်ဟစ်နေတဲ့ထန်စန်းကို မနည်းတားကာဆွဲခေါ်ရသည် ရှဲ့ယွင်အတွက်ကြာရင်မကောင်းဘူးဟုပြောမှပင်ရသော ထန်စန်းကိုကြည့်ကာခေါင်းခါလိုက်သည် *ဒါတောင်မင်းကိုမင်း သဘောမပေါက်သေးတာလား ထန်စန်း* ရှောင်ဝူအကို့ကိုကြည့်ကာ မျက်ရည်များပင်ဝဲလာမိသည် အကိုကရှဲ့ယွင်အတွက်ဒေါသထွက်နေသည် သူမအတွက်ကျစိတ်ပူမပြောနဲ့တွေးတောင်မတွေးမိတော့ဘူး *ရင်နာလိုက်တာအကိုရယ် ညီမလေးကဘာမှမဟုတ်ခဲ့ဘူးလား ရှဲ့ယွင်နင့်ကြောင့်ဘဲ နင့်လက်ထဲကပြန်ယူပြမယ်*
ကျောင်းအုပ်-သွားကြမယ် ဒီနေရာကမငြိမ်သက်ဘူး အကုန်ဒုက္ခရောက်ကုန်မယ်လာကြ
ဆရာ-ထန်စန်း လာပါထန်စန်းတစ်ယောက်ရှဲ့ယွင်ကိုကြည်ကြာမျက်ရည်များပင်ကျလာသည် *နေကောင်းကာစခလေးကိုဘယ်သူကများလုပ်ရက်တာလဲ စိတ်ချနောက်တစ်ကြိမ်ထပ်မရှိစေရတော့ ရှဲ့ယွင်* ထန်စန်းတစ်ယောက်ရှဲ့ယွင်ကိုစိတ်ပူနေသည့် သူရဲ့ပုံပန်းသဏ္ဍာန်ကို တွေးတောင်မတွေမိပေ ဆရာထန်စန်းကိုဆွဲခေါ်ကာနားဆောင်သို့ပြန်လာခဲ့လိုက်သည် နားဆောင်ရောက်တော့ခုတင်ပေါ်စောင်များခင်းလိုက်ပီး
ဆရာ-လာဒီကိုချ ဖြည်းဖြည်းချ
ထန်စန်းဆရာပြောတဲ့နေရာမှာ ရှဲ့ယွင်ကိုဖြည်းညှင်းစွာချကာ စိုက်ကြည့်နေလိုက်သည်
ဆရာ-"ဟင်း"စိတ်မပူပါနဲ့
ကျောင်းအုပ်-ရော့ဆေး အနာကိုကြည့်ကြရအောင်
ထန်-ကျွန်တော်လုပ်မယ် ဟို ဆရာပင်ပန်းနေမှာကြောင့် ကျွန်တော်ဘဲလုပ်လိုက်ပါ့မယ်ဆရာမှာရှဲ့ယွင်အက်ျီကိုင်ဖို့လုပ်ရုံရှိသေး ထန်စန်းကသူ့ထက်လက်ဦးသွားလေသည် ထန်စန်းမှာစိတ်ပူတာရောပေါင်းကာ သူပြောလိုက်သည့်စကားမှာသည်ကိုသတိမထားမိပုံပင်မရပေ ဆရာနားမလည်စွာကျောင်းအုပ်ကိုကြည့်လိုက်တော့ ကျောင်းအုပ်ကခေါင်းသာခါပြလေသည်