ရှဲ့ယွင်ဆေးကျိုပီး ခွက်ထဲထည့်ကာ မီးဖိုးခန်းမှထွက်လာပီး
ရှဲ့-ရော့ ခင်ဗျားသောက်လိုက်
ထန်-ဘာကြီးလဲ
ရှဲ့-ခင်ဗျား သောက်ဆိုသောက်ပေါ့ ဘာလျှာရှည်နေတာလဲ ခင်ဗျားအားနည်းနေလို့ သောက်ခိုင်းတာ
ထန်-အင်း ရှဲ့ရှဲ့ညီ
ရှဲ့-မလိုဘူး လူတစ်ယောက်ကိုဒီအတိုင်းကြည့်မနေနိုင်ဘူး ခင်ဗျားဗိုက်ဆာရင်အသီးတွေမီးဖိုးချောင်မှာရှိတယ် ယူစား
ထန်-ရှဲ့ရှဲ့ ထပ်ပီးတော့ကျေးဇူးတင်ပါတယ်
ရှဲ့-မလိုဘူးလို့ပြောပီးပီလေ
ထန်-အင်းပါကွာ ဒါနဲ့မင်းခွက်ကဘယ်ကရတာလဲ
ရှဲ့-ဝယ်တာပေါ့ ဘာဖြစ်လို့လဲ
ထန်-မင်းတောင်ပေါ်ကနေဘယ်လိုဆင်းတာလဲ
ရှဲ့-ဒီလိုဘဲပေါ့ ခင်ဗျားလဲဆင်းတတ်ရင်ဆင်းပေါ့ အခုတော့ခင်ဗျားအားနည်းနေတာ ကောင်းကောင်းအနားယူ
ထန်-အေ မင်းဘယ်သွားမလို့လဲ
ရှဲ့-အလကားထိုင်စားနေလို့ရမလား စားပင်စိုက်ရမာပေါ့
ထန်-ငါလဲလိုက်ခဲ့မယ်လေ
ရှဲ့-မလိုဘူးရှဲ့ယွင်ထန်စန်းကိုထားခဲ့တာ ဟိုနေ့ကစမ်းချောင်းနားလျှောက်သွားရင်း စမ်းချောင်းဘေးမှာ နွံတောကိုတွေ့ခဲ့သည် အပင်ငယ်လေးအတွက်အဆင်မပြေပေမယ့် အပင်ကြီးတွေ့စိုက်လို့ရလောက်တယ်မလား သူလဲနွံတောထဲဆင်းကာ မျိုးစေ့တွေကျဲလိုက်လိုက်သည် နွံတောဘေးမှာရှိတဲ့မြေတွေကို တူးကာအပင်ငယ်လေးတွေစိုက်ရန် ပြင်လိုက်သည် ထန်စန်းတစ်ယောက်ပျင်းလာတာနဲ့ လမ်းလျှောက်ထွက်လာလိုက်သည် စမ်းချောင်းနားမှာမြေကြီးကိုပေါက်တူးနဲ့တူးနေတဲ့ ရှဲ့ယွင်တွေ့လိုက်သည် *ဟက် တူးနေလိုက်တာများ လူကောင်သေးသလောက်ဇွဲကတော့မသေးဘူးဘဲ *သူ့ထက်ပင်သေးသောကောင်လေးကို မြေကြီးကိုကြိုးစားပမ်းစားတူးနေတာလေ သူလဲမနေသာတော့ ကောင်လေးလက်ထဲက ပေါက်တူးကိုယူတာ တူးလိုက်သည်
ရှဲ့-ခင်ဗျား
ထန်-အင်းပြောလေ
ရှဲ့-ခင်ဗျားကို နားခိုင်းထားတာလေပြန်ပေး
ထန်-မလိုဘူး ငါလဲယောကျာ်းဘဲ ဒီလောက်မြေပွကိုတူးတာနဲ့ဘာမှမဖြစ်သွားဘူး ဒီ့ထက်ပင်ပန်းတာတွေတောင်လုပ်ဖူးတယ် ငါအားနည်းတာက ငါ့ဝိညာဥ်စွမ်းအားကိုသုံးလို့မရသေးရုံဘဲ
ရှဲ့-ပီးရောလေ ခင်ဗျားဘာသာဆက်တူး ကျွန်တော်ရေချိုးပီး သွားနားတော့မယ်