သူတို့လေ့ကျင့်နေတာ အခုနေ့ကနောက်ဆုံးနေ့လေးပင် တိုက်မုပိုင်နဲ့မာဟုန်ကျွင်းထဲက မာဟုန်ကျွင်းကိုရွေးလိုက်လေသည် နှစ်ယောက်ကလက်ရည်တူညီကျသော်လည်း အဓိကစိတ်ပင် မာဟုန်ကျွင်းကစိတ်အေးအေးထားနိုင်သည် တိုက်မုပိုင်ကနဂိုကတည်းက အပြိုင်အဆိုင်စိတ်များတာကြောင့် ရန်သူကစိတ်ကိုဆွပေးရင် တဇွတ်ထိုးလုပ်မိမှာအသေချာပင်ဖြစ်သည် ရှောင်ဝူလဲအရင်ကထက်ပိုတော်လာလေသည် အားလုံးတိုးတက်လာကြသလိုဘာမှမထူးခြားသည်က ရှဲ့ယွင်ပင် ရှဲ့ယွင်လက်ကအမှတ်သားကပေါ်ပေမယ့် ထင်ထင်ရှားရှား လဲမလုပ်ရဲတာမို့ တိုးတက်မှုကမရှိချေ အခုတော့အကုန်လုံးကိုဆန်အိတ်တွေရှေ့မှာလွယ်ခိုင်းကာ တောင်တက်တောင်ဆင်းလုပ်ရတော့မည်
အော်စကာ-ဆရာဟိုတစ်ခါကျောက်ခဲ အခုကဆန်အိတ် မောမှာနော်
ဆရာ-မင်းကလေ စားခိုင်းတာကလွဲရင် ကျန်တဲ့နေရာမညီးညူတာမရှိဘူး
ရုံရုံ-ဆရာကလဲ သူပြောတာကဟုတ်နေတာကို
ဆရာ- ရုံရုံဆန်ဒီ့ထက်တိုးပေးရမလား
ရုံရုံ-ဟီးနေပါစေ ဒါနဲ့ရှဲ့ယွင်ကနည်းနေတာလဲ ထန်စန်းတို့အကိုတိုက်တို့ကအများဆုံးဘဲ သူတို့လောက်မများတောင်မာဟုန်ကျွင်းလောက်တော့ထည့်ပေးရမှာပေါ့ အခုတော့ရှောင်ဝူတို့အမကျူးချင်းတို့ထက်တောင် တည်တည်နည်းနေတာနော်
ရှဲ့ယွင်-ဟုတ်တယ် ဆရာ ကျွန်တော်ကဘာလို့နည်းနေတာလဲ
ဆရာ-ငါ့ကိစ္စငါဆုံးဖြတ်တာ အထွန့်မတက်နဲ့ရှဲ့ယွင်သယ်ရတာနင်သယ်ရတာမဟုတ်ဘူး ရုံရုံ ရှဲ့ယွင်ငါခိုင်းတာလုပ် ကဲအခုကနေစပီးလျှောက်ခိုင်းတော့မယ် အားလုံးလွယ်ပီးလျှောက်ကြရမယ် ပီးရင်နေ့လည်စာစားဖို့နာရီဝက်လောက်ကြိုရောက်ရမယ် မရောက်တဲ့သူညနေထပ်ပီးဒီတောင်ကို လမ်းလျှောက် ပတ်ရမယ်
အော်စကာ-ဟမ်
ဆရာ-မဟမ်နဲ့ သွားစလျှောက်တော့ အကုန်လုံးညီပါစေ တစ်ခုခုဖြစ်ရင်အကုန်အပစ်ပေးခံရမယ်
ကျောင်းသားများ-ဟုတ်
------------------
သူတို့အားလုံးတောင်ပေါ်တက်ရင်း ခဏကြာတော့မောပန်းနေကြသည် အမောဆုံးကရှဲ့ယွင်ပင် ရှဲ့ယွင်မှာဝိညာဥ်စွမ်းအားမသိသေးတာတစ်ကြောင်း ပင်ပင်ပန်းပန်းမလုပ်ဖူးတာကတစ်ကြောင်း မောဟိုက်ကာနေတော့သည် တိုက်မုပိုင်ရှဲ့ယွင်မောဟိုက်နေသည်ကိုမြင်ကာ