အော်စကာ-ငါကြားတာကလေ
ရှဲ့-အင်း
အော်စကာ-ကျစ် ဘယ်လိုလဲဆိုတော့ကွာ
ရှဲ့-ပြောပါအကိုရဲ့
အော်စကာ-ဒီလိုကွ ငါအဲ့နေ့ကFlashback
အော်စကာတစ်ယောက် ပျင်းလာတာမို့ စာရေးရန်အတွက်လိုအပ်တာများ ရေးဖို့ရလိုရညားကျောင်းအုပ်အိမ်ဘက်ထွက်လာခဲ့သည် ကျောင်းအုပ်အိမ်နားရောက်တော့ အိမ်ပေါ်တက်မည်အကြံသူကြားလိုက်ရသည်က ထန်စန်းနဲ့ရှဲ့ယွင်နာမည်ပါသည်မို့ သူတိတ်တိတ်လေးတက်ခဲ့လိုက်သည် သို့သော်လည်း ကျောင်းအုပ်ဆရာပြောနေသည်မှာ ပိုတိုးသွားသည်မို့မကြားရပေ သူကြားလိုက်ရမှာလည်း "နည်းလမ်းစဥ်းစားကြတာပေါ့" ဆိုတဲ့စကားပင်
ဒါကြောင့်အိမ်ထဲဝင်ကာ ဆရာနဲ့ကျောင်းအုပ်ပြောနေသည်ကိုဝင်မေးတော့ သူ့နာမည်ကိုေအာ်ခေါ်ကာ ထူးဆန်းသလိုကြည့်နေကြသည်အော်စကာ-ဘာလို့ကျွန်တော့်ကိုကြည့်နေကြတာလဲ
ကျောင်းအုပ်-ဘာမှမဟုတ်ပါဘူး နေပါဦးမင်းကဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ
အော်စကာ-ဒီလိုပါဘဲ
ကျောင်းအုပ်-စာအုပ်တကားကားနဲ့ မင်းကဝိညာဥ်စွမ်းအားလေ့ကျင့်မယ်မရှိဘူး အရင်ကလဲတိုက်ခိုက်ရေးနဲ့မို့လျော့သေးတယ် အခုပြန်လုပ်နေပြန်ပီလား
အော်စကာ-မဟုတ်ပါဘူး မဟုတ်ပါဘူး ဒါကဒိလိုဘဲကိုင်ထားတာပါ ဒါနဲ့ဘာအကြောင်းပြောနေကြတာလဲ
ကျောင်းအုပ်-ဘာဟုတ်ဟုတ်ပေါ့ စပ်စုစရာပါလို့လား သွားသွားမင်းသွား မသွားရင် စအုပ်ထားခဲ့
အော်စကာ-အဲအဲလိုမလုပ်ရဘူးလေ သွားသွားသွားပီနော် သွားလိုက်ပါဦးမယ်
ကျောင်းအုပ်-တော်ပါသေးရဲ့ ဟူးအော်စကာတစ်ယောက် စာအုပ်နဲ့အကျပ်ကိုင်မှ ပြေးဆင်းကာထွက်သွားတော့သည် ထိုတော့မှကျောင်းအုပ်နဲ့ဆရာမှသက်ပြင်းချနိုင်တော့သည်
Flashback End
---------------------
အော်စကာ-အဲဒါဘဲ
ရှဲ့-ဟင် အကို့ဟာကလဲမရှင်းမရှင်းနဲ့ နေပါအိပ်တော့မယ်
အော်စကာ-နေဦးလေ ငါသေချာသိချင်လို့မင်းကိုလာမေးတာလေ မင်းကငါ့ကိုအပစ်တင်နေတာလား
ကျွင်း-ဘာတွေပြောနေကြတာလဲ
ရှဲ့-ဘာမှမဟုတ်ပါဘူး အိပ်တော့မှာ အစ်ကိုတို့လဲအိပ်ကြတော့ ညတောင်နက်နေပီ အိပ်ပီ
အော်စကာ-ဟာ ဟေ့ နေဦးလေ ကျစ် ဒီကောင်လေး
ကျွင်း-ဘာဖြစ်တာလဲ
အော်စကာ-ဘာမှမဟုတ်ဘူး
ကျွင်း-ဘာမှမဟုတ်ရင် ဘာကိုပြောနေကြတာလဲ
အော်စကာ-ငါလဲမသေချာလို့ သူ့ကိုမေးနေတာလေ တော်တော့မင်းလဲအိပ်တော့