Part-23

566 34 6
                                    

ထန်စန်းသူ့လက်ထဲကိုစာကို သေချာအောင်ပြန်ကြည့်လိုက်သည် စာထဲမှာပြောထားသည်က *ဝူဟွမ်ကျောင်းရဲ့အနီးနားကရွာမှာ ရှဲ့ယွင်ကိုထန်စန်းနဲ့ လာလဲပါ ထန်စန်းတစ်ယောက်တည်းဘဲ လာခဲ့ မဆိုင်သူဝင်မပါနဲ့ စဥ်းစားချိန် နှစ်ရက်ပေးမယ် နှစ်ရက်အတွင်းရောက်မလာရင်တော့ မင်းတို့ဆုံးဖြတ်ပေါ့လေ * စာမှတိုတောင်းလှသော်လည်း အဓိပ္ပယ်ကတော့ပေါ်လွင်နေသည်

ထန်-ဒါဒါဆို ရှဲ့ယွင်က
ဆရာ-ဟုတ်တယ် အဖမ်းခံထားရတာဘဲ ဒါပေမယ့်ခက်တာကဘယ်သူမှန်း သေချာမသိတော့သွားကယ်ဖို့ ခက်ခဲတယ်
ထန်-ကျွန်တော်သွားမယ် ဆရာ
ဆရာ-ထန်စန်း မင်းကိုပေးမသွားနိုင်ဘူး
ထန်-ဆရာ သူလိုချင်နေတဲ့ကျွန်တော့်ကိုပါ ရှဲ့ယွင်ကိုဘာမှအဖြစ်မခံနိုင်ဘူး
ဆရာ-ထန်စန်း မင်းကဆရာ့တပည့်ပါ မင်းကိုလဲဘာမှအဖြစ်မခံနိုင်ဘူး
ထန်-ရှဲ့ယွင်ကလဲ ဆရာ့ကျောင်းသားပါဘဲ ပီးတော့ရှဲ့ယွင်ကဘာမှနားလည်တာမဟုတ်ဘူး စွမ်းအားကလဲမလုံလောက်ဘူး ကျွန်တော့်ကြောင့်နဲ့တော့ ဘယ်သူကိုမှထိခိုက်တာမျိုးမလိုချင်ဘူး
ဆရာ-ငါကလဲရှဲ့ယွင်ကိုမကယ်ဘူးမပြောပါဘူး မင်းကိုမသွားစေချင်ရုံလေး အေးသွားမယ်ဆိုရင်တောင်မင်းတစ်ယောက်တည်းမသွားရဘူး
ထန်-ဒါပေမယ့် သူတို့လိုချင်နေတာ ကျွန်တော့်တစ်ယောက်ပဲလေ ကျွန်တော့်တစ်ယောက်တည်းအတွက် ဆရာတို့အပင်ပန်းမခံပါနဲ့
ဆရာ-ထန်စန်း မင်းကငါ့တပည့်ငါပြောတာနားထောင်ရမယ် မင်းဘယ်တုန်းကဆရာ့ကိုပြန်ပြောဖူးလို့လဲ
ထန်-ဒီတစ်ခါတော့လွန်ဆန်ပါရစေဆရာ ကျွန်တော့်အတွက်နဲ့ အပင်ပန်းမခံပါနဲ့
သွားလိုက်ပါဦးမယ်

ထန်စန်းဆရာ့ကိုပြန်ပြောကာ ကျောင်းအုပ်အိမ်ထဲမှာထွက်လာခဲ့သည် ဆရာကတော့ထွက်သွားတဲ့ ထန်စန်းကိုကြည့်ကာ အော်ခေါ်ရပြန်သည် ဒီကောင်လေးသူ့စိတ်ကိုနားမလည်နိုင်ဘူးလား မသိ ကျောင်းအုပ်ကတော့ထန်စန်းကိုအော်ခေါ်နေတဲ့ ဆရာ့ကိုကြည့်ကာ

ဆရာ-ထန်စန်း မင်း ပြန်လာခဲ့စမ်း
ကျောင်းအုပ်-စိတ်ကိုလျော့ပါ
ဆရာ-ဘယ်လိုလုပ်လျော့နိုင်မှာလဲ ထန်စန်းက
ကျောင်းအုပ်-အချစ်ကွအချစ် မင်းလဲခံစားခဲ့ဖူးတာဘဲ မင်းလဲသူ့အရွယ်တုန်းကရူးမိုက်ဖူးတာဘဲကွာ သူလဲသူ့ကိုယ်ကိုသာသေချာမသိတာ ရှဲ့ယွင်ကိုစိတ်ပူနေတာသူကရှဲ့ယွင်ကိုချစ်နေလို့လေ အဲဒါကြောင့်ဘာမှမမြင်နိုင်တော့တာ ငါတို့နားလမ်းတစ်ခုစဥ်းစားကြတာပေါ့
ဆရာ-အဲ့လိုဘဲလုပ်ကြတာပေါ့ ဟင်း ဘယ်တတ်နိုင်မလဲ
-----------------------------------------
ရှဲ့ယွင်သတိရလာတော့ သူရောက်နေတာ အခန်းတစ်ခုပင် ပီးတော့လက္ဘက်ရည်ထိုင်သောက်နေတဲ့သူ ထိုလူနာမည်က ဝမ်ကျယ် ဟုတ်တယ်နေ့လည်ကခေါ်တာကြားခဲ့ရသည်မလား ဝမ်ကျယ်တဲ့ သူအပြင်ဘက်ကိုကြည့်လိုက်တော့ မှောင်ပင်နေလေပီ

လူဆိုးလေး ရှဲ့ယွင် (S1 Completed )Where stories live. Discover now