ကျောင်းအုပ်နဲ့ဆရာ ထန်စန်းကိုပြိုင်တူအော်ရင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ထန်စန်းနဲ့ရှဲ့ယွင်ကို အဓိပ္ပါယ်ပါပါကြည့်နေလိုက်ကြသည် ရှဲ့ယွင်နေမကောင်းဖြစ်တုန်းက ခန္ဓာကိုယ်ပေါ်အရာတွေကို ဒီအတိုင်းဝိညာဥ်စွမ်းအားနဲ့မတည့်သည်ကြောင့်လိုပင်ထင်ခဲ့ကြသည်မဟုတ်လား နေပါဦးဒါနဲ့ထန်စန်းနဲ့ရှဲ့ယွင် သူတို့ကမှမမှတ်မိကြတာ ကျောင်းအုပ်နဲ့ဆရာက တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ပြရင်း ပုခုံးတွန့်မိလိုက်ကြသည်
ကျောင်းအုပ်-အဟမ်း ရှဲ့ယွင်ရဲ့စွမ်းအားတိုးတက်ဖို့က တစ်နည်းဘဲရှိတော့တာပေါ့
ဆရာ-ဟုတ်တယ် ဆေးနည်းနဲ့ကနှေးနေလိမ့်မယ်
ထန်-ဘာနည်းလမ်းလဲ
ကျောင်းအုပ်-အဲဒါက အမ်း အဲဒါကလေ
ဆရာ-ဘာမှမဟုတ်ဘူး ဆေးရည်စိမ်ရမှာ ဟုတ်တယ်
ကျောင်းအုပ်-ဟုတ်တယ် ဟုတ်တယ် မင်းတို့ဆရာပြောတဲ့အတ်ုင်းဘဲ
ရှဲ့-ဘယ်ခါစိမ်ရမှာလဲ
ဆရာ-ဆေးတွေရှာရဦးမှာပေါ့ကွာ
ကျောင်းအုပ်-ဟုတ်တယ် ရှာရဦးမှာ
ဆရာ-သွားနားကြတော့
ထန်/ရှဲ့-ဟုတ်
------------------------
ထန်စန်းတို့ ထွက်သွားတော့မှ ကျောင်းအုပ်က ဆရာဘက်လှည့်ကာကျောင်းအုပ်- သူတို့ကိုယ်တိုင်တောင်မသိကြတာများလား
ဆရာ-ဖြစ်နိုင်တယ် ဒါမှမဟုတ်ရင်လဲ
ကျောင်းအုပ်-ဘာလဲ
ဆရာ-ရှဲ့ယွင်ကများ သိရက်သားနဲ့မပြောတာလား
ကျောင်းအုပ်-အဲဒါလဲဖြစ်နိုင်တယ် ကာယကံရှင်ကမသိတာတော့လုံးဝမဖြစ်နိုင်ဘူး ယောကျာ်းလေးအချင်းချင်းဆိုတော့ မပြောတော့များလား ဒါဆိုရင်တော့ဘယ်ဖြစ်မလဲ ငါတို့ကအုပ်ထိန်းသူတာဝန်ရှိတာပေါ့ကျောင်းအုပ်နဲ့ဆရာ စကားပြောနေတုန်း အော်စကာရောက်လာကာ
အော်စကာ-ဘာကိုတာဝန်ရှိတာလဲ
ကျောင်းအုပ်-အော်စကာ မင်းကဘယ်လိုလုပ်ရောက်လာရပြန်တာလဲ
အော်စကာ-ရှဲ့ယွင်လေ သူသောက်တော့ အမောပြေပီး ကျွန်တော့ကျဘာလို့အမောမပြေရတာလဲ
ဆရာ-သူကဝိညာဥ်စွမ်းအားမရှိတဲ့လေ အဲဒါကြောင့်နေမှာပေါ့ မင်းမှာလဲဝက်အူချောင်းတို့ရှိသားဘဲ ယူစားပေါ့အမောပြေ ရုံမကအားတောင်တိုးဦးမယ်
ကျောင်းအုပ်-နေဦးနောက်ကျ ရှဲ့ယွင်ကိုအဲ့ဆေးရည်မတိုက်တော့ဘဲ မင်းဝက်အူချောင်းတွေထုတ်ပီး ကျွေးခိုင်းရမယ် အဲ့ဆိုအကုန်လုံးကပိုတယ်မထင်တော့ဘူးပေါ့ တခြားသူတွေစားချင်ရင်လဲ ပေးဖို့တစ်ခါတည်းရှိတာပေါ့
အော်စကာ-စတာပါ စတာပါဟီး ကျောင်းအုပ်ကလဲ မသိချင်တော့ဘူး သူကသာမန်လူမို့လို့ဆိုရင်ဘဲရပါပီ ပီးတော့သူကသာမန်လူလေ ဝက်အူချောင်းကဗိုက်ဝရုံဘဲနေမှာပေါ့ ဟုတ်တယ်ဗိုက်ဝရုံဘဲနေမှာ သွားတော့မယ်နော်
ကျောင်းအုပ်-နေဦးလေ
အော်စကာ-သွားသွားပီ မနေတော့ဘူး
---------------------
သူတို့နေ့လည်နားနေရင်း ကျောင်းအုပ်နဲ့ဆရာကညနေရောက်တော့ ခေါ်တာမို့သွားလိုက်ကြသည်