Part-26

537 32 2
                                    

ထန်-သက်သာတယ်မဟုတ်လားရှောင်ဝူ
ရှောင်-အွန်း သက်သာပါတယ် အကိုဟို ဟို
ထန်-ဘာမှတွေးမနေပါနဲ့ အကိုကညီမလေးကိုစိတ်မဆိုးပါဘူး ညီမလေးကိုလဲနားလည်ပါတယ်
ရှောင်- ကျေးဇူးတင်ပါတယ် အကို နောက်ပီးတောင်းပန်ပါတယ်
ထန်-တောင်းပန်စရာလိုတဲ့သူတွေမို့လို့လား
ရှောင်-အကိုကမလိုလဲညီမလေးကလိုတယ် ညီမလေးကြောင့်အကိုတို့
ထန်- ရှောင်ဝူ အကို့ကိုကြည့်ညီမလေးက အကို့ညီမလေး အကို့ညီမလေးကိုဘာဖြစ်လို့စိတ်ဆိုးရမှာလဲ နောက်တစ်ခါထပ်မမှားဖို့ဘဲလိုတာ
ရှောင်- အကို့ ကျေးဇူးတင်ပါတယ် တကယ်ကိုအရမ်းအရမ်းကျေးဇူးတင်တာပါ

ရှောင်ဝူပြောပီး ထန်စန်းကိုဖက်လိုက်မိသည် * ကျေးဇူးတင်ပါတယ်အကို ရှောင်ဝူမှားမှန်းသိပီမို့ ရှောင်ဝူကိုယ့်ကိုကိုယ်နေတတ်အောင်ကြိုးစားပေးပါ့မယ် * ရှောင်ဝူဝူဟွမ်မှာတုန်းက လည်ပင်းပေါ်ဓါးထောက်တဲ့အကို့ကိုကြည့်ကာ သူမဘယ်တော့မှအကို့အချစ်ကိုမရနိုင်ကြောင်းသိလိုက်ရသည် ရှဲ့ယွင်ကိုအဲ့အချိန်တုန်းကအားလဲအားကျမိသလို အားလဲနာရသည်သူမကြောင့် အကိုနဲ့ရှဲ့ယွင်ဒုက္ခရောက်ရသည်မဟုတ်လား သူမနားလည်လိုက်သည်က အချစ်ကလုပ်ယူလို့မရဘူးဆိုတာကိုဘဲ *အကိုမချစ်လဲညီမလေးကချစ်နေမှာဘဲ ဒါကြောင့်မို့အကိုချစ်တဲ့ရှဲ့ယွင်ကို ဂရုစိုက်ပေးပါ့မယ်အကို နောက်ထပ်အမှားတွေလဲထပ်မလုပ်တော့ပါဘူး*
ရှောင်ဝူမှာထန်စန်းကိုသဘောရိုးနဲ့ဖက်လိုက်ပီး ထန်စန်းကရှောင်ဝူကိုနှစ်သိမ့်နေသော်လည်း ထိုမြင်ကွင်းကိုမြင်လိုက်တဲ့ရှဲ့ယွင်ကတော့ မျက်ရည်တွေဝဲကာ အခန်းထဲပြန်ဝင်ပီးကုတင်ပေါ်ထိုင်ရင်း ငိုနေတော့သည်
------------------------------------------
ထန်-ရှဲ့ယွင် ယွင်အာ အာ ဘာလုပ်နေတာလဲ နေ့လည်စာစားမယ်လေ ညနေကျရှီလိုင်ခဲ့ပြန်ကြမယ်တဲ့ ယွင်အာဘာဖြစ်နေတာလဲ

ထန်စန်းရှဲ့ယွင်ထမင်းစားဝိုင်းတွင်မတွေ့တာမို့ အခန်းဘက်လျှောက်လာလိုက်တော့ အခန်းထဲမှာထိုင်နေတဲ့ရှဲ့ယွင်ရယ်ပါ ထမင်းစားဖို့သူခေါ်သော်လည်း သူ့ကိုပြန်မကြည့်ဘဲထိုင်မြဲတိုင်းထိုင်နေတဲ့ ရှဲ့ယွင်ကြောင့်စိတ်ပူသွားရသည်

လူဆိုးလေး ရှဲ့ယွင် (S1 Completed )Where stories live. Discover now