Part 14

505 33 21
                                    

မနက်စောစောသူတို့အားလုံးထကြကာ နည်းနည်းအလင်းရောင်မြင်ရသည်နှင့်ပင် သူတို့ခရီးဆက်ကြသည်မို့ နော်တင်ကျောင်းကိုနေထွက်ပီးရောက်လာကြသည်

ဆရာ-အမောဖြေကြဦး သတိနဲ့နေကြပါ
ကျောင်းသားများ-ဟုတ် ဆရာ

ဆရာပြောပီးသည်နှင့် နောတင်ကပေးထားသောအခန်းထဲဝင်ကာ နားလိုက်ကြသည်
ဆရာလဲကျောင်းသားတွေကိုနားခိုင်းကာ ကျောင်းအုပ်နဲ့သူနားရန်ယူထားတဲ့အခန်းထဲကိုကင်ကာ နားရန်ပြင်လိုက်သည် အနားယူရင်းသူတို့နောက်ကလိုက်လာကြတဲ့သူတွေအကြောင်း စဥ်းစားမိကာ

ဆရာ-ထူးဆန်းတယ် အခုထက်ထိဘာမှမလှုပ်ရှားသေးဘူး မလှုပ်ရှားသေးတာလဲအကောင်းမဖြစ်နိုင်ဘူး
ကျောင်းအုပ်-အခွင့်သာတာကိုများ စောင့်နေတာလား ပြိုင်ပွဲဆိုတော့လူတွေအနည်းကျင်းတော့လာမှာဘဲ လူကြားထဲဝင်ပီးလုပ်ကြံမလို့များလား
ဆရာ- သူတို့သတိထားမှဖြစ်မယ် အထူးသဖြင့်ရှဲ့ယွင် ရှဲ့ယွင်အစွမ်းကသေချာမသိရသေးတာမို့ စိုးရိမ်ရတယ် သူ့စွမ်းအားပေါ်လာပြန်ရင်လဲစိတ်ပူရဦးမှာ
ကျောင်းအုပ်-သာမန်လူတစ်ယောက်ဆီမှာ ရှိတဲ့ရေစွမ်းအားက ပိုပီးတိုးတက်မှုမြန်နိုင်တယ် ဝိညာဥ်သခင်မှာရှိရင်တော့ဝိညာဥ်စွမ်းရောယှက်နေတာမို့ သိပ်အသုံးမတည့်ဘူး
ဆရာ-ရှဲ့ယွင်ကို အနားခေါ်ထားမှရမယ် မပြောနိုင်သေးဘူး ဘယ်သူလို့လဲမသိသေးသ၍ ဘာအကြောင်းလဲမသိသေးတော့ အကုန်ဒုက္ခရောက်နိုင်တယ်
------------------
ခေါင်းဆောင်- သေချာစောင့်ကြည့်ထားပီး ရှင်းပစ်လိုက်
တပည့်-ဟုတ်
ခေါင်းဆောင်-ဝင်ပါတဲ့သူမှန်သမျှရှင်းပစ် တစ်ယောက်မှအရှင်မထားနဲ့
တပည့်-ပြိုင်ပွဲအချိန်တွင်း လုပ်ကြံလိုက်ရမလား
ခေါင်းဆောင်-ပြိုင်ပွဲပီးမှပေါ့ မပီးခင်ပြိုင်ရင်းသေသွားရင်လဲ သတ်စရာမလိုတော့ဘူးပေါ့ ရပီသွားတော့ သေချာလုပ်ပါ
တပည့်-ဟုတ်

ခေါင်းဆောင်ပုလ္လင်ပေါ်ပြန်ထိုင်ကာ

ခေါင်းဆောင်-ဟားဟား ထန်ဟောက်ထန်ဟောက် မင်းသားသေတဲ့သတင်းကြားစေရမယ် အဲခါကျရင်ဖြစ်သွားတဲရုပ်ကို အရသာခံကြည့်ရမယ် ဟားဟားဟား
--------------
နေ့လည်ရောက်ပီမို့ အကုန်လုံးအဆင်သင့်ဖြစ်နေကြသည်

လူဆိုးလေး ရှဲ့ယွင် (S1 Completed )Where stories live. Discover now