Part 11

536 34 6
                                    

ရှဲ့ယွင်နဲ့ထန်စန်း မနက်စောစောကထကာပြေးရန်နိုးလာကြသည် ထန်စန်းပြင်ဆင်ပီးရှဲ့ယွင်စောင့်နေလိုက်သည် ခဏကြာရှဲ့ယွင်တစ်ယောက် အိပ်ချင်စုံမွှားနဲ့ထလာလေသည် ရှဲ့ယွင်ကထန်စန်းကိုမြင်တော့

ရှဲ့-ခင်ဗျား ကြာပီလားနိုးတာ
ထန်-အင်း
ရှဲ့-ခင်ဗျားနှိုးလိုက်တာမဟုတ်ဘူး အခုသက်သက်မဲ့အချိန်ပုပ်ပီ
ထန်-ရပါတယ် မနက်စာမှီပါသေးတယ် မျက်နှာသစ် ခပ်မြန်မြန်လျှောက်ကြတာပေါ့
ရှဲ့-အင်း

ထန်စန်းနဲ့ရှဲ့ယွင်  လမ်းခပ်မြန်မြန်လျှောက်လိုက်သည် မြန်မြန်လျှောက်သည်မို့သိပ်မကြာလိုက် လျှောက်ရမည့်အပတ်ပြည့်သွားသည် နှစ်ယောက်လုံးမှလျှောက်ပီးတော့မောပင်မောနေပီ ရှဲ့ယွင်မှာအဲ့လောက်မလျှောက်ဖူးတားမို့ မောလွန်းကာဟိုက်ပင်နေလေသည် ထန်စန်းရှဲ့ယွင်ရှေ့ကျောခိုင်းကာ ဒူးထောက်ပေးလိုက်သည်

ရှဲ့-ဘာလုပ်တာလဲ
ထန်-တက် ကြာနေရင်ဆရာထပ်ဆူလိမ့်မယ်
ရှဲ့-ကိုယ့်ဘာသာကိုလျှောက်မယ် မလိုဘူးယောကျာ်းလေးချင်းခင်ဗျားကုန်းပိုးတိုင်း လိုက်စရာလား
ထန်-မပိုးရဘူးလို့ဘယ်သူပြောလို့လဲ
ရှဲ့-မပိုးဘူး သွားမယ်

ထန်စန်းကိုပြောရင်းရှဲ့ယွင်ရှေ့ကထွက်သွားလေသည် ရှဲ့ယွင်တော်တော်မောနေပီမို့ လမ်းပင်မလျှောက်ချင်တော့ပေ တုံ့နှေးတုံ့နှေးနဲ့ဖြစ်နေတော့သည် ထန်စန်းသူပိုးတာကိုလက်မခံတဲ့ရှဲ့ယွင်ကိုကြည့်ကာ ပြုံးလိုက်မိသည် ရှဲ့ယွင်ကိုကြည့်ရတာအရမ်းမောနေပုံရတာမို့ ရှဲ့ယွင်နောက်ပြေးကပ်ကာ ကောက်ပွေ့ချလိုက်သည် ရှဲ့ယွင်ရုတ်တရက်မို့ ကြောင်အသွားရသည် ရှဲ့ယွင်ခဏကြာတော့သတိပြန်ဝင်လာကာ ထန်စန်းလက်ထဲကနေရုန်းထွက်တော့သည်

ရှဲ့-ချပေး
ထန်-ငြိမ်ငြိမ်နေ မင်းကပေါ့သားဘဲ
ရှဲ့-ခင်ဗျား ချပေးလို့
ထန်-သိပီကျောင်းရှေ့နားရောက်ချပေးမယ် မဟုတ်ရင်ကတော့အတန်းထဲထိခေါ်သွားပြမယ်

ရှဲ့ယွက်ထန်စန်းကတကယ်လုပ်မည့်ပုံပေါ်တာကြောင့် ငြိမ်ငြိမ်နေလိုက်သည် ထန်စန်းရှဲ့ယွင်ငြိမ်သွားတာ​ကြောင့် ပြုံးလိုက်သည် ကျောင်းရှေ့ရောက်တော့ချပေးလိုက်ပီး အတူတူထမင်းစားဆောင်ဆီ သွားလိုက်ကြသည်
-----------
ဆရာ-အခုလူခွဲထားတယ် အကုန်လေ့ကျင့်ရမယ် ကျောင်းအုပ်ကရှောင်ဝူနဲ့ကျူးချင်းကိုကြည့်လိမ့်မယ် လိုက်သွားကြ ပီးထန်စန်းတိုက်မုပိုင်မာဟုန်ကျွင်းအတူတူလေ့ကျင့် အော်စကာရုံရုံရှဲ့ယွင်ကတစ်နေရာ လိုက်ခဲ့ကြ
ကျောင်းအုပ်-သွားမယ်

လူဆိုးလေး ရှဲ့ယွင် (S1 Completed )Where stories live. Discover now