ရှဲ့ယွင် နေ့လည်စာစားပီး ရှောင်ဝူ့ဆီကိုထွက်လာခဲ့သည် ရှောင်ဝူ့အခန်းရှေ့ရောက်တော့ အခန်းတံခါးကိုခေါက်လိုက်သည် "ဒေါက် ဒေါက် ဒေါက်"
ရှောင်-ဝင်ခဲ့ပါ
ရှဲ့ယွင်ရှောင်ဝူကဝင်ခိုင်းသည်မို့ တံခါးဖွင့်ကာဝင်ခဲ့လိုက်သည် "ကျွီ" အခန်းထဲကိုရောက်တော့ အကိုဟုန်ကျွင်းကိုတွေ့လိုက်ရသည် အကိုဟုန်ကျွင်းကသူရောက်လာတော့ သူ့ကိုနှုတ်ဆက်ကာအခန်းထဲမှထွက်သွားလေတော့သည် တံခါးဖွင့်သံကြားတာမို့ ရှောင်ဝူမော့ကြည့်လိုက်တော့ တံခါးရှေ့တောင့်တောင့်ကြီးရပ်နေတဲ့ ရှဲ့ယွင်ပါ
ရှောင်-ရှဲ့ယွင်
ရှဲ့-ဟုတ် သက်သာလားဟင် အင့် ရွှတ် ကျွန်တော့်ကြောင့်ပါ
ရှောင်-မဟုတ်တာ အကြောင်းရင်းအားလုံးက အစ်မကြောင့်ချည်းဘဲမလား သူများမကောင်းကြံဘေးဒဏ်ပြန်ထိတဲ့ အစ်မအစ်မမှားခဲ့လို့ပါ အစ်မအစ်မကြောင့် ဟင့် အစ်မအများကြီးမှားခဲ့တာပါ အစ်မကိုခွင့်လွှတ်ပါနော်
ရှဲ့-ကျွန်တော်နားလည်ပါတယ် ကျွန်တော်ပါဒီကိုမလာခဲ့ရင် အစ်မနဲ့ထန်ထန်စန်းနဲ့ရှောင်ဝူ သူ့အမှားဟုသတ်မှတ်ကာ အပစ်တင်နေတဲ့ရှဲ့ယွင်ကိုကြည့်ကာ သက်ပြင်းချလိုက်မိသည် ဒီကောင်လေးကအခုထိသဘောမပေါက်ဘူးဘဲ ရှောင်ဝူရှဲ့ယွင်ခေါင်းကိုခပ်ဖွဖွပုတ်ကာ အကြောင်းရင်းအားလုံးရှင်းပြရဦးမည် မဟုတ်ရင်ဒီကောင်လေးက အထင်လွဲနေတော့မည်
ရှောင်-ရှဲ့ယွင် အစ်မကြည့် အကိုချစ်တာအစ်မကိုမဟုတ်ဘူးနားလည်လား ရှဲ့ယွင်ဘယ်လိုတွေးနေလဲတော့ အစ်မမသိဘူး ဟင်းအစ်မကိုယ်တိုင်လဲ အကိုကအစ်မကိုချစ်လိမ့်မယ်လို့ တွေးခဲ့ဖူးတယ် ဟက် မညာတမ်းဝန်ခံရရင် စိတ်ကူးလဲယဥ်ခဲ့ဖူးတယ် နောက်တော့မင်းရောက်လာတယ် မင်းရောက်လာတော့ထပ်ပီး အကိုကမင်းကိုဂရုစိုက်တယ်လေမနာလိုဖြစ်ခဲ့ရတယ် စိတ်တိုပီးဒေါသထွက်ခဲ့ရသလို အထင်တွေလွဲခဲ့ဖူးတယ်မင်းမရှိတော့ရင်ဒါမှမဟုတ်မင်းသာပေါ်မလာခဲ့ရင် အကိုကငါ့ကိုဂရုစိုက်မှာဘဲဆိုပီး ချင်းချန်နဲ့တိုက်နေတုန်းကသိခဲ့ရတယ် အကို့အချစ်ကိုမရနိုင်တော့ဘူးဆိုပီး အဲဒါကြောင့်အကိုဝမ်းနည်းသွားရမှာမျိုးမဖြစ်ချင်လို့ အစ်မကအစ်မအမှားကိုပြင်ရုံလေးပါ အကိုကရှဲ့ယွင်ကိုသိပ်ချစ်တာ ရှဲ့ယွင်အရမ်းအတွေးများနဲ့ဟုတ်ပီလား
ရှဲ့- ကျေးဇူးတင်ပါတယ် အစ်မရှောင်ဝူ နောက်ပီးတောင်းပန်ပါတယ်
ရှောင်-အစ်မကိုကျေးဇူးတင်တယ်ဆို အကို့ကိုယုံကြည်ပီးပိုချစ်ပေးလိုက်ပါ
ရှဲ့-ဟုတ်
ရှောင်-ရှဲ့ယွင်
ရှဲ့-ဗျာ
ရှောင်-အဟင်း မင်းကိုလဲအစ်မကကျေးဇူးတင်ပါတယ်
ရှဲ့-ဘာလို့လဲ
ရှောင်-အကို့ချစ်ပေးလို့ပါ
ရှဲ့-မဟုတ်တာ ဒါဒါက
ထန်-ယွင်အာလဲရောက်နေတာကိုး
ရှောင်-ယွင်ယွင်အာ ဟုတ်လား အယ် အကိုကနော် ဟင်းဟင်း