ရှဲ့ယွင်တစ်ယောက်ငိုနေသည်မှာမနက်ကတည်းပင် ထန်စန်းမှာအသည်းသန်ကိုနေတဲ့ရှဲ့ယွင်ကိုကြည့်ကာ ဘယ်လိုနှစ်သိမ့်ပေးရမလဲမသိတာမို့ ရှဲ့ယွင်ကိုဖက်ကာပုခုံးသာပုတ်ပီး နှစ်သိမ့်ပေးရသည် ချင်းချန့်ဘဝလဲအဆုံးသတ်သွားရပီ ချင်းချန်ကိုလဲအပစ်မမြင်ပေမယ့် ရှဲ့ယွင်ကိုထိပါးလာတဲ့အတွက်မို့ အခုလိုမျိုးသေဆုံးသွားရသည်ကိုဝမ်းသာမိပြန်သည် မဟုတ်ရင်ရှဲ့ယွင်ကိုတစ်လျှောက်လုံးစိတ်ပူနေရဦးမည်
ထန်-တိတ်တော့လေ မငိုနဲ့တော့ မျက်လုံးတွေအောင့်နေဦးမယ်
ရှဲ့-ခင်ဗျားနောက်မှသိတဲ့ကျွန်တော်တောင် ဒီလောက်ဝမ်းနေတာခင်ဗျားကဝမ်းမနည်းဘူး အသည်းနှလုံးမရှိတာဘဲ
ထန်-ဟေ့ဟေ့ အကိုကအသဲနှလုံးရှိလို့မင်းကိုချစ်တာပေါ့
ရှဲ့- ယုံမယ်ထင်နေတာလား ချက်ချင်းပြုန်းစားကြီးချစ်တယ်လို့ပြောလာကို
ထန်-မဟုတ်ပါဘူးကွာ အစကတည်းပါ ပီးတော့အကိုသိတယ်
ရှဲ့-ဘာသိတာလဲ
ထန်-အကုန်ဘဲလေ
ရှဲ့-အကုန်ဘာအကုန်လဲ
ထန်-စဥ်းစားပေါ့ မပြောပြပါဘူးမင်းဖုံးကွယ်ထားတာတွေလေ
ရှဲ့-နေပေါ့ မပြောလဲ
ထန်-ဟာဟေ့ နေဦးလေထန်စန်းစိတ်ကောက်ကာထထွက်သွားတဲ့ ရှဲ့ယွင်နောက်ပြေးလိုက်ရပြန်သည် ဒီကောင်လေးကတော့မေ့မျောနေတဲ့ရှောင်ဝူ့ကို ကြည့်ကာငိုနေသလောက် အခုလဲစိတ်ကောက်ကာထထွက်သွားပြန်ပီ ရှဲ့ယွင်နောက်လိုက်ကြည့်တော့ သူတို့နေမယ့်အခန်းထဲဝင်သွားလေသည်
ထန်-ဘာကိုစိတ်ကောက်သွားရတာလဲကွာ အခုလဲကြည့်အကိုကပြောပြရအောင် မင်းအကို့ကိုဖုံးကွယ်ထားတာ ဘယ်လောက်များနေလို့လဲ
ရှဲ့-............
ထန်-ပြောပြရမှာလားတကယ် မင်းအကို့ကိုဖုံးကွယ်ထားတာနှစ်ခါတောင် အစပထမတစ်ခါတည်းကအကိုသိနေတာ ဒါပေမယ့်မင်းကနှုတ်ဆိတ်နေတော့ ပီးတော့အကိုကအကို့ကိုအကိုမသေချာခဲ့လို့ပါ နှစ်ယောက်လုံးဝမ်းနည်းရမှာမဖြစ်ချင်လို့
ရှဲ့-ဘာကိုလဲထန်စန်းသူပြောပြတာကို နားမလည်ကာပြူးပီးကြည့်နေတဲ့ ရှဲ့ယွင်ကိုအသဲယားလာတာမို့ ရှဲ့ယွင်ကိုဖက်ကာ ပြီတီတီကြည့်လိုက်တော့ အတင်းရုန်းကန်လာတဲ့ရှဲ့ယွင်ရယ်ပါ