အားလုံး-ရှဲ့ယွင်
"ဘုန်း အွတ်" ရှဲ့ယွင်လဲကျသွားသော်လည်း အတင်းပြန်ထကာ ပင့်ကူရဲ့အပေါ်ကိုယ်ဖော့ကာရပ်လိုက်သည် " ဝေါ့ အင့် ဘုန်း" ရှဲ့ယွင်သွေးများအန်ထုတ်ကာ မြေပြင်ပေါ်ပြန်လဲကျသွားသည် ထန်စန်းကြောင်အနေရာမှရပ်ကာ ရှဲ့ယွင်နားပြေးပီးရှဲ့ယွင်ကိုပြေးပွေ့လိုက်သည် တော်သေးသည်ရှဲ့ယွင်မှာသတိမမေ့ဘဲရှိနေသေးသည်မို့ သူပြေးပွေ့တော့ရှဲ့ယွင်ကပြုံးပြသည် အပြုံးမှာနာကျင်မှုများရောနှောနေသလို ကျေနပ်မှုများလည်းပါဝင်နေသည် သူရှဲ့ယွင်ပွေ့ကာကြည့်နေတုန်း "ဝုန်း ဝုန်း ဝုန်း ဟင် " ထန်စန်းမှာကြောင်အသွားရသည် သူတင်မဟုတ်ဆရာနဲ့တိုက်မုပိုင်ကပါ မယုံနိုင်သလိုတောင့်တောင့်ကြီးရပ်ကာကြည့်နေကြတော့သည်
ရှဲ့-ထန်စန်းထူပေး တွဲပီးပင့်ကူနားပို့ပေးပါ
ထန်-အင်းထန်စန်း ရှဲ့ယွင်ကိုဖြည်းဖြည်းထူပေးကာ ပင့်ကူနားတွဲခေါ်သွားလိုက်သည် "ရွှင် ဟင် ဟာ ဟက် " ဆရာ တိုက်မုပိုင်နဲ့ ထန်စန်းတို့မှာ ဟင်ခနဲဟာခနဲဖြစ်သွားရသော်လည်း ရှဲ့ယွင်ကမူကြိုသိနေသည့်အလား အံ့ဩဟန်မပြရယ်သာနေသည် သူတို့ရှဲ့ယွင်ကိုကြည့်တော့ ပြုံးပြကာ ပင့်ကူရိုက်ချက်ခံရကာကျသွားခဲ့ရသည်နေရာကိုလက်ညှိုးထိုးပြသည်မို့ ကြည့်လိုက်တော့ ထူးဆန်းစွာအပင်တွေပျောက်နေကာမြေကြီးမှာညိုပုပ်ပုပ်အရောင်ဖြစ်နေသည် သူတို့မြေပြင်ကိုကြည့်လိုက် ပင့်ကူပျောက်ကာပေါ်နေသော ဝိညာဥ်ကွင်းကိုကြည့်လိုက်နှင့် တော်တော်ကြာမှသဘောပေါက်ရတော့သည် ဆရာကတော့ဥာဏ်ကောင်းသည့် ရှဲ့ယွင်ကိုပြုံးပြကာပုခုံးပုတ်ပေးပီး ဂုဏ်ယူကြောင်းပြလိုက်သည်
ဆရာ-ရှဲ့ယွင် ယူလိုက်
ဆရာပြောမှသတိရကာ ပင့်ကူဝိညာဥ်ကွင်းကို ရှဲ့ယွင်ယူလိုက်သည် ဝိညာဥ်ကွင်းမှာအနီရောင်ဖြစ်သော်လည်း နဂိုထက်အရောင်တောက်ကာနီရဲနေသည် ရှဲ့ယွင်မှာဝိညာဥ်ကွင်းကိုယူပီးယိုင်လဲသွားသည်မို့ ထန်စန်းမှာရှဲ့ယွင်ကိုအလောတကြီးထိန်းလိုက်ရသည် ဆရာကမူရှဲ့ယွင်ကိုကြည့်ကာ ရေကန်နားသွားပီး ဆေးပင်ကိုဆွဲနှုတ်သိူ့သော်မရပေ