Part 18

509 32 4
                                    

ခေါင်းဆောင်-ဘယ်လိုလဲအဆင်ပြေခဲ့ရဲ့လား
တပည့်-ဟုတ် ဒါပေမယ့် အနားကပ်ဖို့မရလို့ အဝေးကနေဘဲမြှားနဲ့စာပစ်ပေးလိုက်တယ် ကြည့်ရတာစဥ်းစားမယ်ထင်တယ် တခြားသူတွေကိုလဲဘာမှမပြောဘူး သေချာတာကတော့ထန်စန်းကိုရအောင်ယူမယ့်ပုံဘဲ
ခေါင်းဆောင်-ဟက် ယူရမှပေါ့ ငါ့အစီစဥ်တွေပျက်လို့မဖြစ်ဘူး မရရအောင်ကြံရမယ် ရှဲ့ယွင်ကိုသတ်ပီး ထန်စန်းကိုသတ်မယ် ထန်စန်းမသေရင်တောင်ဘဝတော့ရှင်ရက်နဲ့သေမှာဘဲ ဟားဟားဟား ရှဲ့ယွင်နဲ့ရှောင်ဝူသေကိုသေရမယ် ဟားဟား အချစ်ရဲ့စွမ်းအားကြီးမားပုံကိုသိခွင့်ရတော့မှာပေါ့ ဟက် ကောင်းပြီသွားတော့ သေသေချာချာလုပ်ဆောင်ပါ
တပည့်-ဟုတ်ကဲ့ ခေါင်းဆောင်

ခေါင်းဆောင်တစ်ယောက်ပြတင်းပေါက်နားကပ်ကာ တပည့်ကိုထွက်သွားရန် လက်ကိုလှုပ်ကာ အချက်ပြလိုက်သည် တပည့်ထွက်သွားတော့မှာ ပြတင်းပေါက်နားထိုင်ကာ အပြင်ဘက်ကြည့်လိုက်သည် *အရင်အချိန်တွေပြန်မရနိုင်ပေမယ့် လက်စားချေခြင်းနဲ့ စိတ်ဒါဏ်ရာသက်သာနိုင်သေးတယ် ဟက် ငါခံစားသလို နင်တို့လဲခံစားရမှာဘဲ *
______________
သူတို့ရှီလိုင်ခဲ့ကိုရောက်တော့ နေဝင်လုနီးပါးပင်ဖြစ်နေပီ အဆောင်ပြန်ရေချိုးပြီး ထမင်းစားဆောင်ဘက်ထွက်ကာ ထမင်းစားကြသည်

ကျောင်းအုပ်-ရှဲ့ယွင်က ဥာဏ်ပြေးသားဘဲ ဝိညာဥ်စွမ်းအားမရှိပေမယ့် ဥာဏ်ကိုကြုံသလိုအသုံးချနိုင်တယ်
တိုက်-ဟုတ်တယ် ရှဲ့ယွင်ကဥာဏ်ကောင်းတယ် ကျွန်တော်တောင်ကြောင်အသွားတာ
ဆရာ-အသက်လဲပြင်းသေးတယ် သာမန်လူဆိုမခံနိုင်ကြတာကို သူကကြံ့ကြံ့ခံနိုင်တယ် နောက်ပိုင်းဥာဏ်ရှိသလို အားထုတ်ရင် ဝိညာဥ်သခင်တစ်ယောက်နဲ့တန်းတူဘဲ
ကျောင်းအုပ်-ကြိုးစား ရှဲ့ယွင် ဝိညာဥ်စွမ်းအားမရှိပေမယ့် အခွင့်အရေးကမင်းလက်ထဲမှာ မင်းကြိုးစားရင်ကြိုးစားသလိုဘဲ မင်းမှာအခွင့်ရေးရှိသလို အားသာချက်ကလဲအများကြီးဘဲ သတိတော့ထား မင်းကိုပစ်မှတ်တည်နိုင်တယ်
ရှဲ့- အားလုံးကျေးဇူးပါ မှတ်ထားပါ့မယ်

ရှဲ့ယွင် လက်နှုတ်ဖက်ကို ဆုပ်ကိုင်ပီးခါးညွှတ်ကာ အရိုသေပေးလိုက်သည် ကျောင်းအုပ်နဲ့ဆရာကတော့ ရိုကျိုးတဲ့ရှဲ့ယွင်ကို ပုခုံးနှစ်ဖက်အားပြိုင်တူပုတ်ကာ အားပေးလိုက်သည် ကျောင်းအုပ်နဲ့ဆရာကတော့ တစ်ယောက်နဲ့တစ်ယောက်အဓိပ္ပါယ်ပါပါကြည့်ကာပြုံးလိုက်မိသည် ရှဲ့ယွင်ကဥာဏ်ကောင်းသည် နောက်ထပ်ထန်စန်းနဲ့သာ ခန္ဓာကိုယ်ချင်းနှီးနှောပီး ကျင့်ကြံဦးမယ်ဆိုပိုပီးတိုးတက်နိုင်ဖွယ်ရှိသေးသည်မဟုတ်ပါလား သူတို့အကြံစည်ကိုအကောင်ထည်ဖော်ရန်စဥ်းစားနေကြသော ကျောင်းအုပ်နဲ့ဆရာမှာ အလိုမကျတဲ့အကြည့်နဲ့ကြည့်ခံနေရသည်ကိုပင် သတိမထားမိချေ *ကြည့်ထားကြပါ ရှဲ့ယွင်ကို နောက်ပိုင်းတွေ့ရဖို့ မမျှော်လင့်ကြနဲ့ အကိုကငါ့အတွက်ဘဲ ဟုတ်တယ် ဘယ်သူ့ကိုမှမပေးနိုင်ဘူး ဟက် ရှဲ့ယွင်နင်သေပေးရမယ် နင်နဲ့ငါနဲ့မှာတစ်ယောက်ယောက်မရှိမှအေးမှာ ငါကအကို့မထားခဲ့နိုင်လို့ နင်ကသေပေးပေါ့ *

လူဆိုးလေး ရှဲ့ယွင် (S1 Completed )Where stories live. Discover now