ရှဲ့ယွင်နာကျင်မှုကို သည်းခံကာတည်းခိုခန်းထဲမှာထွက်လာလိုက်သည် ထန်စန်းကိုလဲဂရုမစိုက်အား ဂရုစိုက်လို့လဲမရပါသူကထန်စန်းကိုဆက်စောင့်မည်ဆိုပါက ဖြစ်လာမယ့်အရာကကြိုမှန်း၍ပင်မရနိုင် အရင်ဆုံးထိခိုက်မှာကကျောင်းပင်မဟုတ်ပါလား ထန်စန်းကရောမိမိကိုတာဝန်တစ်ခုလိုသဘောမှာမလိုချင် သူတွေးရင်းတောရင်းစျေးအပြင်ဘက်ထွက်ကာ ရှီလိုင်ခဲ့ကိုပြန်လာခဲ့သည် ထွက်သွားတဲ့ရှဲ့ယွင်ကိုကြည့်ကာဆရာနဲ့ကျောင်းအုပ်မှာ အကြံပင်အိုက်သွားရသည်
ကျောင်းအုပ်-အစီစဥ်ကအထမြောက်ပါရဲ့ ထွက်လာတာကဘာလို့ရှဲ့ယွင်ဘဲလဲ ထန်စန်းကရော
ဆရာ-မပြောတတ်ဘူး ထန်စန်းကဘာလို့ရှဲ့ယွင်နောက်လိုက်မလာတာလဲ
ကျောင်းအုပ်-လာတွေးကြည့်တာထက် ပြေးကြည့်မှသေချာသိရမှာကျောင်းအုပ် ဆရာ့လက်ဆွဲကာတည်းခိုဆောင်ထဲဝင်လာလိုက်သည် တည်းခိုဆောင်မှအလုပ်သမားလေးမှာ သူတို့ကိုမြင်တော့ပြာသလဲလဲပြေးကြိုနှုတ်ဆက်သည် ဆရာကတော့အလုပ်သမားလေးကိုကြည့်ကာ ဘဝကသူတို့ထက်ပင်ခက်ခဲကြောင်းတွေးတောမိသည်
ကျောင်းအုပ်-ညက လူငယ်နှစ်ယောက်လာတယ်မလား ပီးအခန်းထဲမင်းတို့လိုက်ပို့တာလေ သူတို့ရှိသေးလား ပီးတော့ငါတောင်အရက်အိုးဝယ်ပေးလိုက်တယ်
အလုပ်သမား-ဗျာ ဟုတ် လာပါတယ် တစ်ယောက်ကဆင်းလာပီးထွက်သွားတယ် နောက်တစ်ယောက်ကဆင်းမလာသေးဘူး
ကျောင်းအုပ်-ဟုတ်ပီ ရော့ဒါကိုယူ သွားကြည့်ပေးငါတို့လာမေးကြောင်းဘယ်သူ့ကိုမှမပြောပြနဲ့
အလုပ်သမား-ဟုတ် ဟုတ် စိတ်ချပါ
ကျောင်းအုပ်-သွားကြည့် ပီးပြန်လာပြောအလုပ်သမားလေးမှာ ကျောင်းအုပ်ပေးတဲ့ငွေစကိုယူကာ ပျော်ပျော်ရွှင်ရွှင်ဖြင့် တည်းခိုးဆောင်ရဲ့ ပထမထပ်ပေါ်တက်ကာသွားလေတော့သည် ကျောင်းအုပ်ကတော့သူတို့ဘေးနားကစားပွဲဝိုင်းတွင်ထိုင်ကာ စောင့်နေတော့သည် ခဏကြာတော့ အလုပ်သမားမှာပြန်ဆင်းလာသည်
ကျောင်းအုပ်-ဘယ်လိုလဲ
အလုပ်သမား-နောက်တစ်ယောက်ကအိပ်ပျော်နေတယ်
ကျောင်းအုပ်-ရပီ ငါတို့သွားကြရအောင်
ဆရာ-အင်း
ကျောင်းအုပ်-မင်းနှုတ်လုံပါစေ ဒီကိစ္စတခြားသူတွေမသိစေနဲ့
အလုပ်သမား-ဟုတ်ကဲ့ပါ