Part-24

539 33 1
                                    

ထန်ဟောက်ကို ဆရာနဲ့ကျောင်းအုပ်ပြောပြတာမို့ အကြောင်းစုံသိရှိသွားရကာ ထန်စန်းအတွက်ရင်မောရပြန်သည် ထန်စန်းကိုသူ့လိုအဖြစ်မျိုးအဖြစ်မခံနိုင်ပေ

ထန်ဟောက်-ဟင်း ထန်စန်းကိုနားလည်ပေမယ့် ဟင်း ကျွန်တော့်လိုတော့အဖြစ်မခံနိုင်ဘူး ပတ်ဝန်းကျင်ကလဲလာဦးမှာ
ဆရာ-အဲ့ဒါလဲဟုတ်ပါတယ် ဒါပေမယ့် အရင်းနှီးဆုံးသူတွေဖြစ်တဲ့ ကျွန်တော့်တို့တွေကနားလည်ပေးပီး အားပေးနေရမယ်မဟုတ်လား
ကျောင်းအုပ်-ဟုတ်တယ် ထန်ဟောက်သူပြောသလို လုပ်ပေးကြရမှာဘဲ မဟုတ်ရင်တဇွတ်ထိုးဖြစ်သွားလိမ့်မယ် အခုအဖြစ်ပျက်ကိုအရင်ကြည့် တစ်ခါမှမလွန်ဆန်တဲ့ ထန်စန်းကအခုရှဲ့ယွင်အတွက်နဲ့
ထန်ဟောက်-ကျွန်တော်နားလည်ပါတယ် သူတို့ကိုယ်တိုင်ရင်မဆိုင်ရဲမှာဘဲ ကြောက်တာပါ
ဆရာ-ကဲအခုကိစ္စနောက်မှစဥ်းစားရပါတယ် ရှဲ့ယွင်ကိုဘယ်လိုကယ်ရမလဲ စဥ်းစားကြတာပေါ့
-----------------------------
ခေါင်းဆောင်-ဟက် ဒီနေ့အဖြေသိရတော့မှာဘဲ ကဲကောင်လေးကိုခေါ်လာခဲ့
ဝမ်ကျယ်-ဟုတ်ကဲ့
ရှဲ့ယွင်-ခေါ်စရာမလိုပါဘူး ကျွန်တော်ရှိနေပါတယ်
ခေါင်းဆောင်-မင်းကလဲမလွယ်ကြောလေးပါလား လာပါဝင်လာခဲ့ အချိန်ကျရင်လဲမင်းငြိမ်ငြိမ်လေးနေပေးပါ မဟုတ်ရင်မင်းအသက်ကိုအာမမခံနိုင်ဘူး
ရှဲ့-ဟွန့် နေပေါ့ မကြောက်ပါဘူး

ရှဲ့ယွင်သူ့ကိုခြိမ်းခြောက်နေတဲ့ လူကိုကြည့်ကာမျက်စောင်းထိုးပီး ဘေးနားရှိနေသည့်ခုံတွင်ဝင်ထိုင်လိုက်သည် သူဒီခန်းမဆောင်နားရောက်နေသည်မှာကြာပြီ ထိုလူနှစ်ယောက်စကားပြောနေတာမို့ ခိုးနားထောင်နေလိုက်သည် တစ်ချို့စကားများကို သေသေချာချာကြားရသော်လည်း တစ်ချို့စကားများကိုမကြားရသောကြောင့် အကြောင်းရာကိုမဆက်စပ်မိပေ သေချာတာကတော့ သူ့အတွက်နဲ့ထန်စန်းဒုက္ခရောက်မည်မှာအသေချာ မဖြစ်ရဘူးသူ့အတွက်နဲ့ ဘယ်သူ့ကိုမှဒုက္ခအရောက်မခံနိုင်ပေ သူတွေးတောနေရင်းခန်းမဆောင်ထဲသို့တစ်လှမ်းချင်းဝင်ရောက်လာတဲ့သူမှာ

ထန်-ရှဲ့ယွင်ကိုလွှတ်ပေး ခင်ဗျားလိုချင်တာကျွန်တော်မလား
ခေါင်းဆောင်-ဟက် မင်းသာလိမ်မာရင်ပေါ့
ထန်-ခင်ဗျား ခင်ဗျား

လူဆိုးလေး ရှဲ့ယွင် (S1 Completed )Where stories live. Discover now