Part 4

7.4K 457 13
                                    


မာယာဖြူဖြူ

အပိုင်း(၄)

#မာယာဖြူဖြူ

04050117

"မဟုတ်သေးပါဘူး..ဒီအမှိုက်တွေက တစ်ရက်တည်း မဟုတ်ဘူး....ငါ လှည်းနေရတာ သုံးရက်တောင် ရှိပြီ.."

"ထားလိုက်လေ....အစ်မ...သမီး တစ်ပတ် တစ်ခါ သန့်ရှင်းရေး လုပ်ပါတယ်..."

"အေးလေ...အမှိုက်တွေ ချနေတာ အပေါ်ကပဲ...ဒါ ...ဟိုကောင့်အခန်းမလား...စည်းကမ်းမရှိလိုက်တာ လွန်ကော..."

ဘဲဥ မကျေမနပ်ဖြင့် တံမြတ်စည်းကို ဆောင့်အောင့်လှည်းပြီး အမှိုက်တွေကို ကျုံးယူကာ ခြင်းထောင်းထဲ သွားထည့်ရသည်။

အိမ်မှာ ဖြစ်ချင်တိုင်း ဖြစ်....နေ နေချင်သလို နေကြတာပဲ..။

အလိုက်ကန်းဆိုးကလည်း မသိ..။

ဘဲဥ တွေးရင်း ဒေါသ ဖြစ်လာရသည်။

အိမ်ထဲရောက်တော့ ဆိုဖာပေါ်မှာ ထိုင်ပြီး ဖုန်းကြည့်နေကြသည်။

သူများ အိမ်မှာလာနေသူချင်း မိန်းကလေးတွေ ရှိလည်း အနေအထိုင် မဆင်ခြင်ပါဘူး..။

တစ်ယောက်က ပက်လက်တောင် အိပ်နေလိုက်သေးသည်။

"ဟာ...ကိုငယ်လေး...ပြန်လာပြီလား...စောလှချည်လား.."

"အေး.."

ဘဲဥ ပြောဖို့ စကားပြင်နေချိန် မြွေပွေးဆိုတဲ့ ကောင်က အိတ်တစ်လုံးဖြင့် အိမ်ထဲ ၀င်လာသည်။

"ရော့.."

"လာလေ...တူတူစားမယ်.."

အိတ်ကို လှမ်းယူပြီး တိုးနိုင် ဆိုတဲ့ ကောင်က ဆိုဖာပေါ်က မုန့်ခွံတွေကို ခြေထောက်ဖြင့် ကန်ချသည်။

အိပ်နေတဲ့ ကောင်ကလည်း ထထိုင်ပြီး ခုံကို ခြေထောက်နဲ့ တွန်းနေသေးသည်။

ရှေ့ခန်းကို စောနကမှ ဘဲဥ သန့်ရှင်းရေး လုပ်ခဲ့သည်။

ခုတော့ ဆိုဖာဘေးမှာ မုန့်ခွံတွေ ဘူးခွံတွေချည်းပဲ..။

ဆိုဖာလို ခုံအကောင်းစားတွေကလည်း ရွဲ့စောင်းကုန်ပြီ..။

ဘဲဥ သည်းမခံနိုင်တော့ပါ..။

မာယာဖြူဖြူWhere stories live. Discover now