Part 15

7.8K 436 21
                                    

15

မာယာဖြူဖြူ

အပိုင်း(၁၅)

#မာယာဖြူဖြူ

10040600

"အန်ကယ်ကို..မိဘအနေနဲ့ သဘောထားပြီး ပြောပြတာပါ…သူ့ကိုတော့ မသိစေချင်သေးဘူး…လက်မခံရင် စိတ်မကောင်း ဖြစ်နေမှာစိုးလို့ပါ…"

"ဟင်း…ငါ့ကျေးဇူးရှင်ရဲ့ သမီး ဆိုတော့ ဘယ်လို မျက်နှာနဲ့ ပြောပေးရမလဲတောင် မသိတော့ပါဘူး..သက်ဦးရာ…ဘယ်တက်နိုင်မလဲ…အိုးချင်းထားရင်တော့ အိုးချင်းထိမှာပဲ…မင်းတို့လည်း ကလေးတွေမှ မဟုတ်တာပဲ….ဒီတော့ ငါတို့ လူကြီးတွေ စ်ီစဉ်စရာ ရှိတာ စီစဉ်ပေးရမှာပေါ့…စိတ်လိုက်မာန်ပါတော့ မလုပ်ပါနဲ့ မင်းက ယောက်ျားလေး ဆိုပေမဲ့ မိန်းကလေး ဘက်လည်း ကြည့်ဦးလေ…ငါတို့လည်း မျက်နှာပျက်ရမယ်…ဒီကိစ္စကို အန်ကယ် တာဝန်ယူပေးမယ်…မင်းအဘွားကိုလည်း အန်ကယ်ပဲ အကြောင်းကြားပေးပါ့မယ်…မိန်းကလေးဘက်ကိုတော့ မင့်အန်တီကိုပဲ ပြောခိုင်းရမှာပဲ……သူတို့ဘက်ကတော့ ဘယ်လို တုန့်ပြန်လာမလဲ ဆိုတာတော့ အန်ကယ် အာမမခံနိုင်ဘူးလေ..'

"ဟုတ်ကဲ့…ကျွန်တော် သဘောပေါက်ပါတယ်…အန်ကယ်..'

"မင်း ဒီနေ့ အလုပ် ရှိတယ်မလား..သွားလေ…"

"ဟုတ်ကဲ့….အန်ကယ်တို့ကို ကျွန်တော်  တောင်းပန်ပါတယ်.."

"မလိုပါဘူးကွာ…မင်းတို့ လူငယ်ချင်း အဆင်ပြေရင် ပြီးတာပဲ…မြကျေးဥကိုတော့ မင်းပြောသလိုပဲ…မင်းအဘွားဘက်က သဘောထားကို သိမှ အသိပေးလိုက်မယ်.."

"…….."

သက်ဦး ခေါင်းညိတ်ပြီး အိမ်ရှေ့ရောက်တော့မှ သက်ပြင်းတစ်ချက် ချလိုက်သည်။

ပါးကို ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရတော့ ဒေါသထွက်မိပေမဲ့လည်း..။

ကျစ်..။

အဖြစ်အပျက်တွေက မြန်ဆန်လွန်းပါသည်။

ဘွားတော်ကို နည်းနည်းလောက် ခြောက်လိုက်ရုံပဲ ဆိုပေမဲ့  သူ့အကျီ င်္က ခိုင်လွန်းလို့ တစ်ချက်ဆွဲလိုက်တာ အကုန် ပြုတ်ထွက်ကုန်သည်။

ဘွားတော် ကြောက်နေချိန် ဖြစ်ချင်ရာဖြစ် လက်လွှတ်မခံနိုင်ဘူးဆိုတဲ့ အသိဖြင့် ဆွဲနမ်းပစ်လိုက်မလို့ပါပဲ..။

မာယာဖြူဖြူWhere stories live. Discover now