24
မာယာဖြူဖြူ
အပိုင်း (၂၄)
#မာယာဖြူဖြူ
06171247
"တယ်ဟုတ်ပါလား..ဘယ်က ပိုက်ဆံရတာလဲ…"
"ဘယ်က ရရပေါ့…နင်လိုနေတာပဲမလား…နေဦး..နေဦး…ဒီပိုက်ဆံက စက်တွေနဲ့ ဆိုင်အတွက်ပဲ သုံးရမှာနော်…ငယ်လေး.."
ပိုက်ဆံကိုကိုင်ပြီး လှုပ်ရင်း သေချာ ပြောနေတော့ တစ်ချက်ပြုံးမိသည်။
"မသုံးဘူးဆိုရင်.."
"ဟယ်…နင်ကလည်း…ငါတို့ ဆိုင်အတွက်ပဲ စဉ်းစားရမှာလေ..နော်.."
ဘွားဘွား ဆန္ဒတွေကို အကောင်အထည် ဖော်နေတယ်ဆိုတာ သိပေမဲ့လည်း ဘွားတော် ကိုယ်တိုင်က အားတက်သရော ဖြစ်နေတော့ သက်ဦး လည်း စိတ်ပါလာရသည်။
အခုလည်း ဘွားဘွားဆီက ပိုက်ဆံတောင်းလာပြန်ပြီ ။
"ကြားလား.."
"ဘွားဘွားဆီက တောင်းလာတာမလား.."
"အဟွင်း..မဟုတ်ပါဘူး..ဒါက နင့်ပိုက်ဆံ စစ်စစ်တွေပါ.."
"တယ်ဟုတ်ပါလား…ဘွားတော်က လှည့်နေတော့လည်း ယုံပေးလိုက်မှာပေါ့..နောက်မှ ချေးတာ ဆိုပြီး အတိုးမတောင်းနဲ့နော်…စက်မှာလိုက်တော့မယ်.."
"လောက်ပါ့မလား.."
"လောက်တော့ မလောက်ဘူး..လိုသေးတယ်…ဒါဆို စက် တမျိုးပဲ ရလိမ့်မယ်.."
"သြေ်ာ.."
"သိပ်လည်း ခေါင်းစားမနေပါနဲ့..တစ်ခေါင်းလုံးဖြူနေတဲ့ ဆံပင်တွေ ဖွေးသွားဦးမယ်.."
"နင်နော်…မစစမ်းနဲ့…အကောင်းပြောနေတာ..ဒီဆိုင်ဖွင့်ပြီး အောင်မြင်အောင် လုပ်ကြမယ်..."
"ဒါပေါ့..လင်မယား နှစ်ယောက် ကြိုးကြိုးစားစား ရှာထားရမယ်..နောက်ကျ သားသမီးတွေ ရလာရင် ကောင်းကောင်းမွန်မွန်ထားနိုင်မှာပေါ့.."
"……."
နှာခေါင်းရှုံ့ပြီး အကြည့်လွဲသွားတော့ အသည်းယားလို့ ပြုံး၍ သာ နေလိုက်ရသည်။
ပိုက်ဆံလေး တစ်အုပ်ကို ဘယ်မှာ ထားရမှန်း မသိသလို ခုတင်ပေါ် တင်လိုက် အံဆွဲထဲ ထည့်လိုက်ဖြင့် အလုပ်များနေသေးသည်။
![](https://img.wattpad.com/cover/274068419-288-k9353.jpg)
ESTÁS LEYENDO
မာယာဖြူဖြူ
Romance"ငါ့ကို ပြောတာလေ...မှတ်မိလား...ငှက်ပျောတုံး ဖက်သေရမှာဆို...ငှက်ပျောပင် စိုက်ထားတယ်...ဝေးဝေးမှာသာနေ....အခုမှ ပုတာလေး က ကလေးလိုပဲဟလား..နင်ပြောတုန်းက လူစင်မမှီတဲ့ ပေမမှီ ထောက်မမှီ အရပ်ဆို....ဟွန့်...မိန်းမ တကာ ကို သုံးလာတဲ့ ယောက်ျားမာယာတွေ ...မသိရင် ခ...