27
မာယာဖြူဖြူ
အပိုင်း(၂၇)
#မာယာဖြူဖြူ
06200408
"………."
ဆိုင်ရဲ့ ပထမဆုံး ၀ယ်သူက ခုံထောင့်မှာ ထိုင်နေတာ ကြာပြီမို့ သက်ဦး တစ်ချက် ခေါင်းစောင်းကြည့်၍ ပြုံးမိသည်။
ဆံပင်အတုနဲ့ ဂါဝန်နဲ့ မျက်မှန်နဲ့ တယ်ဟုတ်နေတဲ့ ဘွားတော်ပဲ..။
၀န်ထမ်းတွေကတော့ အလုပ်လုပ်နေပေမဲ့ သက်ဦး ကတော့ သိနေသည်။
စားပွဲနားကို ရောက်သွားတော့ ခေါင်းကို တစ်ဖက်စောင်းပြီး လမ်းကို ကြည့်ချင်ယောင်ဆောင်နေသည်။
"အဟမ်း….ဘာများလိုအပ်သေးလဲ မသိဘူး.."
လက်ပဲ ကာပြတော့ လက်ကို ဆုပ်ကိုင်လိုက်ချိန်မှ မျက်လုံးပြူးကာ မော့ကြည့်တော့သည်။
"ဘာလုပ်နေတာလဲ…"
"ဟမ်…သိနေတာလား..ဘယ်တုန်းက သိတာလဲ.."
"ဆိုင်ထဲ စ၀င်လာကတည်းက သိတယ်…အရပ်က ရှားပါးတဲ့ အနေအထားဆိုတော့လေ…"
"ဟွန့်.."
သက်ဦးကို မျက်စောင်းထိုးပြီး လက်ကို ရုန်းတော့ လွှတ်ပေးလိုက်ကာ ရှေ့ခုံမှာ ၀င်ထိုင်လိုက်သည်။
"ဘာလဲ…စစ်ဆေးကြည့်တာလား.."
"အေးလေ…၀န်ထမ်းတွေ အကြောင်း သိအောင် လုပ်ရတာပေါ့…"
"မဟုတ်ပါဘူး…ကျွန်တော် ဘယ်ကောင်မလေးနဲ့ ပွေနေမလဲ စိတ်မချလို့မလား.."
"ဟုတ်ပါလိမ့်မယ်…"
"ဆိုင်ဖွင့်ချိန် အတိအကျ ရောက်လာတဲ့ ၀ယ်သူကို ဘယ်လို လက်ဆောင်ပေးရင် ကောင်းမလဲ…"
"အဲလို အစီအစဉ်လည်း ရှိတာလား..ကောင်းတယ်..ကောင်းတယ်…ခုတော့ ငါက တစ်ဦးတည်းသော ၀ယ်သူဆိုတော့ ဘာပေးမှာလဲဟင်.."
"လက်ဆောင် ရှိပါတယ်ဆို…ခဏ.."
ကောင်တာပေါ်က ကော်ဖီထုတ်ကို ယူပြီး ဖဲကြိုး ဖြုတ်လိုက်ကာ လည်ပင်းမှာ ချည်လိုက်တော့ ၀န်ထမ်း တစ်ယောက်က ပြုံးစေ့စေ့ ဖြစ်သွားသည်။
ESTÁS LEYENDO
မာယာဖြူဖြူ
Romance"ငါ့ကို ပြောတာလေ...မှတ်မိလား...ငှက်ပျောတုံး ဖက်သေရမှာဆို...ငှက်ပျောပင် စိုက်ထားတယ်...ဝေးဝေးမှာသာနေ....အခုမှ ပုတာလေး က ကလေးလိုပဲဟလား..နင်ပြောတုန်းက လူစင်မမှီတဲ့ ပေမမှီ ထောက်မမှီ အရပ်ဆို....ဟွန့်...မိန်းမ တကာ ကို သုံးလာတဲ့ ယောက်ျားမာယာတွေ ...မသိရင် ခ...