Part 28

9K 451 14
                                    

28

မာယာဖြူဖြူ

အပိုင်း(၂၈)

#မာယာဖြူဖြူ

06210450

"ဒေါက်…ဒေါက်…"

သက်ဦး ဆတ်ခနဲ့ ခေါင်းထောင်သွားပြီးမှ ခေါင်းကို ခါယမ်းလိုက်ရကာ ဘေးကို တစ်ချက် ကြည့်မိသည်။

အိပ်ပျော်နေတဲ့ ဘဲဥလေးကြောင့် ပြုံးလိုက်ပြီးမှ ခုတင်ပေါ်က ဆင်းကာ ဘတ်ရုဖ် ၀တ်ပြီး တံခါးဆီကို လျှောက်သွားလိုက်သည်။

"မေမေကြီး ခေါ်ခိုင်းလိုက်လို့ပါ.."

"လာခဲ့မယ်.."

"ဟုတ်…"

အခန်းတံခါးကို ပြန်ပိတ်လိုက်ပြီး ရေချိုးခန်းထဲ မ၀င်ခင် အိပ်ပျော်နေတဲ့ ဘဲဥလေးကို တစ်ချက် ဖွဖွနမ်းလိုက်သည်။

စောင်ကို မျက်နှာလေးပဲ ပေါ်အောင် ပတ်ခြုံထားတာ တကယ့်ဘဲဥနဲ့ တူနေသည်။

ညတုန်းက အချိုမြိန်ဆုံး အမှတ်တရတွေကို သေချာ မမှတ်မိနိုင်တာတော့ ဆိုးတာပဲ.။.

ဒီလိုမှန်းသိရင် ကိုယ်သိပ်မသောက်ပဲ သူ့ချည်းပဲ တိုက်လိုက်ပါတယ်..။

သက်ဦး အတွေးစိတ်ကူးကို တစ်ချက်ရယ်မိပြီးမှ ရေချိုးခန်းထဲ၀င်၍ ရေချိုးလိုက်သည်။

အ၀တ်အစားလဲပြီး အောက်ထပ်ဆင်းလာတော့ ဘွားဘွားက ထိုင်စောင့်နေပြီ..။

"မြကျေးဥကော.."

"ခေါင်းမူးလို့ အိပ်နေတယ်…ဘွားဘွား.."

သက်ဦး ရှေ့မှာ လာချပေးတဲ့ ပေါင်မုန့်ကို တစ်ချက်ကြည့်ပြီး မစားတော့ပဲ ရွေ့ရင်း ဘွားဘွားမေးတာကို ပြန်ဖြေလိုက်သည်။

"ဟဲ့…ဒါဖြင့် ဆရာ၀န်ခေါ်မလား…ဖုန်းဆက်စမ်း.."

"ဘွားဘွား ထင်သလို မဟုတ်ပါဘူးဗျာ….ကိုယ်၀န်ရှိနေတာ မဟုတ်ဘူး…."

"ငါက နေမကောင်းဘူးထင်လို့ ခေါ်ခိုင်းတာလေ"

"သြော်…မဟုတ်ပါဘူး…အိပ်ရာနိုးရင် သက်သာသွားလိမ့်မယ်"

"အင်း…မင်းသက် သားတောင် မွေးနေ့ရောက်တော့မယ်..အကုန်လုံး မိသားစုနဲ့ ဖြစ်နေပြီ ပြီးတော့ မြကျေးဥက အသက်က မငယ်တော့ဘူးနော်.."

မာယာဖြူဖြူNơi câu chuyện tồn tại. Hãy khám phá bây giờ