Part 10

8.3K 487 27
                                    


မာယာဖြူဖြူ

အပိုင်း(၁၀)

#မာယာဖြူဖြူ

09040717

"ဟင်...ဘာလို့ရပ်တာလဲ..."

အိမ်ပြန်နေရင်းက လမ်းဘေးမှာ ကားထိုးရပ်သွားတော့မှ ဘဲဥ ဖုန်းကြည့်နေရာက သတိဝင်ပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်၍ မေးမိသည်။

"ဝယ်စရာ ရှိလို့...လိုက်ဦးမလား..."

ဟိုတစ်ခါတုန်းက တစ်နေကုန်အောင် စောင့်လိုက်ရတော့ဘဲဥ သဘောပေါက်နေပြီ..။

"လိုက်မယ်...လိုက်မယ်....ဟိုတစ်ခါလို ဖြစ်ဦးမယ်.."

ဘဲဥ သင်တန်းအိတ်ကို မယူတော့ပဲ ဖုန်းပဲယူကာ ကားပေါ်က ဆင်းလာခဲ့လိုက်သည်။

မှန်တံခါးကို တွန်းဖွင့်ဝင်သွားတော့ သူနဲ့ မလှမ်းမကမ်းကနေ လိုက်သွားရသည်။

ဆိုင်က သေးသေးလေးမဟုတ်ပဲ ပစ္စည်းစုံအောင်ကို ရှိနေသည်။

သူ ဝယ်တာကို စောင့်ပြီး ပြန်ရုံပဲ ဆိုပေမဲ့ ပစ္စည်း အဆန်းလှလှလေးတွေ အများကြီးမို့ လိုက်ငေးနေမိသည်။

"အာ...ဘီးလေးက ချစ်စရာလေး.."

ရွှေမှုန့်လေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ ဘီးလေးကို ကောက်ယူပြီး ကြည့်ရင်း ဈေးကို အကြည့်ရောက်သွားချိန် မျက်လုံးပြူးသွားသည်။

"ငါးထောင်....အမလေး...ရွှေ အစစ်တွေနဲ့ လုပ်ထားတာ ကျနေတာပဲ...ဆိုင်က ကောင်းပြီဆို ဈေးက ရိုက်ပြီပဲ...အေးလေ...ဒီလိုကောင်လာမှတော့ ဒီလိုဆိုင်ပဲပေါ့...ရုပ်ကလေး ရှိနေရင် ဘာမှကို အသုံးကျတာ မဟုတ်ဘူး..ဘီးချင်း အတူတူ ရွှေမှုန့်လေးနဲ့ အလှဆင်လိုက်တာနဲ့ ငါးထောင်ကျော်တဲ့...အားမှ ပဲ ဝယ်မယ်..."

ဘဲဥ လက်ထဲက ဘီးကို စင်ပေါ် ပြန်တင်လိုက်ပြီး ရှေ့ဆက် လျှောက်လာခဲ့လိုက်သည်။

"ဝိုး...ဖိနပ်ကလေးတွေလည်း လှလိုက်တာ....မဖြစ်ပါဘူး...အပါးတွေချည်းပဲ.."

ဘဲဥ စီးထားတဲ့ ကတ္တီပါ ခုံထူ ဖိနပ်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ပျက်စွာဖြင့် ကျော်လာခဲ့လိုက်သည်။

မာယာဖြူဖြူWhere stories live. Discover now