30
မာယာဖြူဖြူ
အပိုင်း(၃၀) ဇာတ်သိမ်း
#မာယာဖြူဖြူ
06220535
"ထိုင်ကြ.."
ဘဲဥ ဆိုဖာခုံမှာ ၀င်ထိုင်လိုက်ပေမဲ့ ငယ်လေးကတော့ မတ်တက်ရပ်နေသည်။
သူ့အစ်ကို ၀မ်းကွဲ သုံးကောင်တောင် ရောက်နေတော့ ဘဲဥ လည်း မနေတက်ဖြစ်ရသည်။
"ထိုင်ပါဆို.."
"……"
ဘွားဘွား စကားကို နားထောင်ပြီး အနားမှာ ပူးကပ်၀င်ထိုင်လိုက်တော့ သူ့လက်ကို ဖွဖွ အုပ်ကိုင်ထားမိသည်။
"မင်းတို့ဆိုင် ဘယ်လိုလဲ..ရောင်းရလား.."
"အဆင်ပြေပါတယ်…"
"မပြေဘူး..သက်ဦးငယ်…အဲဒါ အပျော်တမ်း ပိုက်ဆံဖြုန်းနေတာပဲ…စီးပွားရေး တစ်ခု အနေနဲ့ဆို အဆင်မပြေဘူးဆိုတာ နင်သိတယ်မလား.."
"………"
ဘွားဘွားပြောတာကို ဘဲဥလည်း နားလည်ပါသည်။
သူ အလုပ်လုပ်နေရင် ပြီးရောဆိုပြီး ခိုင်းခဲ့မိပေမဲ့လည်း ၀န်ထမ်းလစာ နဲ့ ရောင်းရနှုန်းက လုံး၀ မညီ..။
သူ့လို သူဌေးသား တစ်ယောက်ကလည်း သူ့အနေအထားနဲ့ အများကြီး ကြိုးစားပေးခဲ့ပေမဲ့ ထင်သလောက် မဖြစ်ပါဘူး..။
"ဘာဆက်လုပ်မလဲ.."
"ကျွန်တော့်မှာ ခြံလေးကွက် ရှိသေးတယ်…ဒါပေမဲ့ တစ်ကွက်မှ မရောင်းပဲ ဆိုင်ကို ရအောင် ဖွင့်နိုင်ခဲ့ပြီပဲ..ဒါပဲ ဆက်လုပ်ရမှာပေါ့…"
"ဒါ နင်မကျွမ်းကျင်တဲ့အလုပ်ပဲလေ.."
"အဲတော့ကျွန်တော် ဘာလုပ်ရဦးမှာလဲ…ဘွားဘွားပဲ အမျိုးမျိုး အမိန့်ပေးနေတာလေ…"
"ဟုတ်တယ်…ခု နင် ဘာလုပ်ရမလဲ ငါပြောမယ်…"
"ဘယ်သူ့လက်အောက်မှာမှ မလုပ်နိုင်ဘူးနော်.."
သူ့ ညီအစ်ကိုတွေကို ရည်ညွန်းပြီး ပြောလိုက်မှန်း သိတော့ ဘဲဥ ရင်ခုန်သွားသည်။
ရန်ထဖြစ်ရင်တော့ ဒုက္ခပါပဲ..။
"မောင်ထွန်းရဲ့ ကုမ္ပဏီမှာ ငါရှယ်အများကြီး ၀င်ထားတယ်.."

YOU ARE READING
မာယာဖြူဖြူ
Romance"ငါ့ကို ပြောတာလေ...မှတ်မိလား...ငှက်ပျောတုံး ဖက်သေရမှာဆို...ငှက်ပျောပင် စိုက်ထားတယ်...ဝေးဝေးမှာသာနေ....အခုမှ ပုတာလေး က ကလေးလိုပဲဟလား..နင်ပြောတုန်းက လူစင်မမှီတဲ့ ပေမမှီ ထောက်မမှီ အရပ်ဆို....ဟွန့်...မိန်းမ တကာ ကို သုံးလာတဲ့ ယောက်ျားမာယာတွေ ...မသိရင် ခ...