Part 13

8.5K 469 16
                                    


မာယာဖြူဖြူ

အပိုင်း(၁၃)

#မာယာဖြူဖြူ

07050401

"အစ်ကို...အစ်မကို စောင့်နေတာလား.."

သက်ဦး ခေါင်းညိတ်လိုက်တော့ ခိုင်လေးက ခေါင်းကုတ်ရင်း

"အစ်မသွားတာ ကြာပြီ.."

"........"

သက်ဦး မျက်မှောင်ကြုတ်သွားကာ ဆိုဖာကနေ ထရပ်လိုက်ရသည်။

လူကို အရူးလုပ်နေတာ သုံးရက်တောင် ရှိနေပြီ.။

သင်တန်း မပို့ရတော့ အန်ကယ့် အလုပ်ကို ပဲ ထွက်လာရပေမဲ့လည်း စိတ်ထဲမှာ အဆင်မပြေ..။

ကိုယ်က စိတ်ဆိုးရမလား မှတ်တယ်..ဘွားတော်က ပျောက်ပါသွားပြီ..။

မတွေ့ရတာ သုံးရက်ရှိနေပြီဆိုတော့ အလွမ်းဝေဒနာက နှိပ်စက်နေပြီ..။

ဘယ်လို ပြန်ချော့ရမှာလဲ..။

သက်ဦး သိနေတဲ့ မိန်းမတွေလို ဘရန်းအိတ်တို့ အဝတ်အစားတို့ အလှအပ အသုံးအဆောင်တို့နဲ့ ချော့လို့လည်းမရဘူးဆိုတာ သိနေသည်။

ဘွားတော်က အသက်သာကြီးတာ မာနကလည်းကြီး ချေကလည်းချေ..။

သက်ဦး ကားမောင်းနေရင်းသက်ပြင်း တစ်ချက်ချမိသည်။

သူ့ကို စော်ကားသလို ဖြစ်သွားတာ သိပေမဲ့ ဘာကိစ္စ ကောင်းစံ ဓာတ်ပုံကို သိမ်းထားရတာလဲ..။

နောက်ပြီး တစ်ပုံတလေ မဟုတ်ဘူး..စုစုပေါင်း ခြောက်ပုံတောင် အတိ..။

တောက်...ဟိုကောင်က ဘယ်လောက် ချောလို့လဲ..။

မျော့ကပ်နေတဲ့ မျက်ခုံးမွှေးနဲ့ ပုံခပ်တုံးတုံး ကောင်ကိုများ..။

ကောင်မလေး တော်တော်များများ ကြွေကျခဲ့တဲ့ ကိုယ့်ရုပ်ကို မှန်မှာ တစ်ချက် ကြည့်မိသည်။

ဘွားတော်ကတော့ မျက်စိ မကောင်းတော့ဘူးထင်တယ်..။

ဘယ်မိန်းကလေးကိုမှ ဒီလောက် မလိုက်ခဲ့ရပါဘူး..။

ခုလို အခြေအနေမှာ ချစ်တယ်သာ ဖွင့်ပြောကြည့်လိုက် ကောင်းကောင်း ကလဲ့စားချေမှာ သိနေသည်။

မာယာဖြူဖြူحيث تعيش القصص. اكتشف الآن