မာယာဖြူဖြူ
အပိုင်း(၁၂)
#မာယာဖြူဖြူ
07030527
"ဟီး...သွားတော့ Add ပြီးပြီ..."
ဘဲဥ ခုတင်ပေါ်မှာ ဝမ်းလျားမှောက်လိုက်ကာ ဖုန်းကို ထောင်၍ ကြည့်နေမိသည်။
အရင်သွားဟိုင်းလို့ ကောင်းပါ့မလား..။
သူ မအားလို့နေမှာပေါ့..။
နိုင်ငံခြားမှာ ဆိုတော့ ခုဆို ညဖြစ်နေလောက်ပြီ..။
ထမင်းတွေ ဘာတွေ စားနေမှာပေါ့..။
အချိန်ရတုန်း ပုံလေး ပြောင်းထားဦးမှပါလေ..။
ဒါမှ မိန်းကလေးမှန်းသိမှာ...။
ဘဲဥ ဖုန်းထဲက ဓာတ်ပုံတွေ တစ်ခုချင်းစီ ရွေးနေရသည်။
အလှူတုန်းက ရွှေအပြည့်နဲ့ ရိုက်ထားတာကို တင်ရင်လည်း အဆင်ပြေမှာ မဟုတ်ဘူး.။
လူတွေက မနာလိုစိတ် သိပ်များကြတာ..။
ဟူး...အိမ်နဲ့ သင်တန်းပဲ သွားနေရတာ ဘယ်မှာလာပြီးဓာတ်ပုံ လှလှ လေး ရိုက်နိင်မှာလဲ..။
ဟာ..ဟုတ်ပြီ...မေကြည်တို့ ပြန်မလာသေးဘူးဆိုတော့ အိမ်ရှေ့မှာ ရိုက်လို့ရတာပဲ..။
ဘဲဥ ဝတ်ထားတဲ့ အဝတ်အစားတွေကို တစ်ချက် ငုံ့ကြည့်ပြီး နှာခေါင်း ရှုံ့မိသည်။
ငုုဝါရောင် ဝမ်းစက်လေး လဲ ဝတ်လိုက်ပြီး ဆံပင်ကို သေချာ ဖြီးကာ နားရွက်နောက်ကို သိမ်းလိုက်သည်။
မျက်နှာကို ပေါင်ဒါရိုက် နှုတ်ခမ်းနီဆိုးပြီး မျက်ခုံးမွှေးလည်း နည်းနည်း ပုံချရသေးသည်။
"ဓာတ်ပုံ တစ်ခါရိုက်ရတာလည်း မလွယ်ပါဘူး..ပြင်ရတာ.."
ဘဲဥ အိမ်ရှေ့ ရောက်လာကာ ဖုန်းကို ပန်းအိုးနားက အုတ်ခုံလေးမှာ ထောင်ထားလိုက်သည်။
"ဒေါက်ကလေး တစ်ခုသာရှိရင် ကောင်းဖို့.."
စက္ကန့်နဲ့ ချိန်ပြီး ရိုက်လိုက်ပေမဲ့ မျက်နှာ တစ်ခြမ်းက မဲနေသည်။
အလင်းရောင် ရှိတဲ့ နေရာကျတော့ ဖုန်းတင်ဖို့ နေရာက မရှိ..။
YOU ARE READING
မာယာဖြူဖြူ
Romance"ငါ့ကို ပြောတာလေ...မှတ်မိလား...ငှက်ပျောတုံး ဖက်သေရမှာဆို...ငှက်ပျောပင် စိုက်ထားတယ်...ဝေးဝေးမှာသာနေ....အခုမှ ပုတာလေး က ကလေးလိုပဲဟလား..နင်ပြောတုန်းက လူစင်မမှီတဲ့ ပေမမှီ ထောက်မမှီ အရပ်ဆို....ဟွန့်...မိန်းမ တကာ ကို သုံးလာတဲ့ ယောက်ျားမာယာတွေ ...မသိရင် ခ...