23
မာယာဖြူဖြူ
အပိုင်း(၂၃)
#မာယာဖြူဖြူ
06150840
"ဒီမှာသော့…..ဘာလုပ်မှာလဲ…ဘွားတော်…"
မာမီ့ရဲ့ ဆိုင်အဟောင်းကို ကြည့်ချင်ပါတယ် ပြောလွန်းလို့ ခေါ်လာရပေမဲ့ သက်ဦးမှာ နားမလည်နိုင်သေး..။
"လမ်းဆုံမှာပဲနော်…အချက်အချာကျတာပဲ.."
လမ်းကို လှည့်ကြည့်ပြီး သော့ဖွင့်နေတော့ သက်ဦး ဘေးက နံရံကို မှီ၍ ရပ်စောင့်နေလိုက်သည်။
"ဘွားတော်…ကြာလိုက်တာဗျာ.."
"သော့က ကြာတော့ ကြပ်နေလို့…အင့်..နင် ဖွင့်…"
သက်ဦး ခေါင်းရမ်းရင်း သော့ကို ဖွင့်ကာ တံခါးပါ တစ်ခါတည်း ဖွင့်လိုက်သည်။
"အိုး…တော်တော်ကြာပြီထင်တယ်.."
သက်ဦး တစ်ချိန်တုန်းက ရှေ့မျက်နှာစာတွေကို ဖျက်ပြီး မှန်တွေချည်း ထည့်ပစ်ခဲ့သည်။
သော့ပိတ်ထားတာ ကြာပြီမို့ ဖုန်တွေ ရှိနေပေမဲ့လည်း ကြီးကြီးမားမားတော့ ဘာမှ မပျက်စီး.။
"ဒါက ဘာလုပ်တာလဲဟင်.."
ကျွန်းသား အစစ်နဲ့ လုပ်ထားတဲ့ ထိုင်ခုံ တွေကို ကြည့်ရင်း မေးတော့ သက်ဦး အနားကို ရောက်သွားကာ
"အဲဒါ ကော်ဖီ ကောင်တာလေ.."
"ဆိုင်အလယ်မှာလား.."
"အင်းလေ…ဟူး..အဲတုန်းက ဒါမျိုးကို နိုင်ငံခြားမှာပဲ ရှိသေးတာ…ခုတော့ ဆိုင်တော်တော် များများ ဒီပုံစံ ဖြစ်ကုန်ပြီ.."
"အိုး..ခုလို သေချာ လုပ်ပြီးကာမှ ဘာလို့ မဖွင့်တာလဲ…သမျောစရာကြီး.."
"…….."
သက်ဦး ၀ယ်ထားတဲ့ ကော်ဖီခွက် နဲ့ ဖန်ပစ္စည်း တော်တော် များများက စတိုခန်းထဲမှာ ပါကင်ဘုံးတွေ အတိုင်း ရှိသေးသည်။
မရောက်တာ ကြာသွားပေမဲ့ တစ်ချိန်တုန်းက ကိုယ်ရော စိတ်ပါ နစ်၀င်၍ ကြိုးစားခဲ့သည့် အိပ်မက်လေးမို့ သံယောဇဉ်တော့ ရှိနေပြန်သည်။

YOU ARE READING
မာယာဖြူဖြူ
Romance"ငါ့ကို ပြောတာလေ...မှတ်မိလား...ငှက်ပျောတုံး ဖက်သေရမှာဆို...ငှက်ပျောပင် စိုက်ထားတယ်...ဝေးဝေးမှာသာနေ....အခုမှ ပုတာလေး က ကလေးလိုပဲဟလား..နင်ပြောတုန်းက လူစင်မမှီတဲ့ ပေမမှီ ထောက်မမှီ အရပ်ဆို....ဟွန့်...မိန်းမ တကာ ကို သုံးလာတဲ့ ယောက်ျားမာယာတွေ ...မသိရင် ခ...