Part 3

8.8K 484 11
                                    


မာယာဖြူဖြူ

အပိုင်း(၃)

#မာယာဖြူဖြူ

04040555

"ဒေါ်ကြီး...ထမင်းစားမယ်..."

"သြော်...အေး..သား...ခဏလေးနော်...ဒေါ်ကြီး...ပန်းကန်ဆေး လက်စ ဖြစ်နေလို့.."

"ဟာ...ဗိုက်ဆာလာလို့ပါဆို..ကျစ်...ခိုင်လေး...လာစမ်း...ပြင်ပေး..."

"ခိုင်လေး..မရှိဘူး...သားရဲ့..ခဏလေးပါ...သားရယ်..ဒေါ်ကြီးပြီးရင် လာပို့ပေးပါ့မယ်...."

"မြန်မြန်လုပ်နော်...."

ဘဲဥကို တစ်ချက်ကြည့်ပြီး ခေါင်းစောင်းကာ ထွက်သွားတော့ လိုက်ကြည့်မိသည်။

ဘယ်က သောက်ကလေးလဲ..။

မေကြည့်ရဲ့ သားနှစ်ယောက်က နိုင်ငံခြားမှာဆိုတော့ ဘယ်က ကလေကဝတွေ ပါလိမ့်...။

"ဒေါ်ကြီး...ဘယ်သူလဲ.."

"သြော်...သမီး..အဲဒါ ဦးထွန်းကျော်ရဲ့ တူတွေလေ..."

"ဟင်...အပေါ်မှာ နေတဲ့ တစ်ယောက်တည်း မဟုတ်ဘူးလား.."

"မဟုတ်ဘူး...သမီးရဲ့...ဦးထွန်းကျော်ရဲ့ တူ က နှစ်ယောက် သားငယ်လေး က တစ်ယောက် ဆိုတော့ စုစု ပေါင်း သုံးယောက်ပါတော်...မျောက်လောင်း သုံးကောင်ဆိုလည်း မမှားဘူး..အဟွင်း.."

ဒေါ်ကြီး က မျောက်လောင်းတွေလို့ ပြောပေမဲ့လည်း ပြုံးနေတော့ ဘဲဥ နှာခေါင်းရှုံ့မိသည်။

အိမ်က အမေ့ရဲ့ အပြုံးမျိုးပင်..။

အဲ့ကောင်လေး ဆိုးတယ်ပြောပြီး ထမင်းတွေက ခူးခပ်ထည့်နေပြီ..။

ဒေါ်ကြီးကသာ သားလို သဘောထားပေမဲ့ ဟိုက ပြောသွားလိုက်တာရစရာကို မရှိဘူး..။

စေတနာနဲ့ မတန်တာကို ဒေါ်ကြီးတော့ ဒူက္ခရှာနေပြန်ပါပြီလေ..။

ဘဲဥ ခေါင်းရမ်းပြီး မီးဖိုခန်းထဲက ထွက်လာခဲ့လိုက်သည်။

အိမ်ရှေ့ခန်း ဆိုဖာပေါ်မှာ လှဲအိပ်ပြီး ဖုန်းနှိပ်နေတဲ့လူတစ်ယောက်ကို တွေ့တော့ မျက်လုံးပြူးသွားသည်။

ဒီအိမ်မှာလည်း ယောက်ျားလေးတွေ များလိုက်တာ..။

ဘဲဥ ကို မေကြည်ပေးထားတဲ့ အခန်းထဲကို ပြန်၀င်နေလိုက်သည်။

မာယာဖြူဖြူحيث تعيش القصص. اكتشف الآن