Part 17

8.4K 451 40
                                    

17

မာယာဖြူဖြူ

အပိုင်း(၁၇)

#မာယာဖြူဖြူ

11040441

" အွင်…"

ဘဲဥ လက်နှစ်ဖက် ဆန့်တန်းပြီးမှ  တစ်ခုကို သတိရပြီး  ပါးစပ်ကို အရင်သုတ်ကြည့်ရသည်။

"ဟင်.."

ဘေးကို ကြည့်လိုက်တော့ ဘယ်သူမှ မရှိလို့ စိတ်သက်သာသွားကာ ဖြည်းဖြည်းထထိုင်သည်။

ညတုန်းက ယောက်ျားတစ်ယောက်နဲ့ တစ်ခုတင်တည်း အိပ်ရတာ စိတ်မသက်သာသလို မူးနေတဲ့ကောင်က ဘယ်အချိန်  လူမှားမလဲ တွေးပြီး အိပ်မပျော်ဖြစ်ခဲ့သည်။

သူကျောပေး ကိုယ်ကျောပေး အိပ်နေရပေမဲ့ နောက်ကျောမလုံ ဖြစ်ရင်း

ဘယ်လိုအိပ်ပျော်သွားလည်းတောင် မသိတော့ဘူး..။

ဘဲဥနားထင်ကို လက်ဝါးနဲ့ သုတ်ပစ်ရင်း နှာခေါင်းရှုံ့မိသည်။

အမူးသမား ငပွေနဲ့ ညကျရင်ကော ဘယ်လို လုပ်ရမလဲ မသိပါဘူး..။

ဘဲဥ ခုတင်ပေါ်က ဆင်းပြီး လိုက်ကာတွေကို ဖယ်ကြည့်တော့ မိုးတောင် သေချာ မလင်းသေးဘူး..။

"ဘယ်သွားတာလဲ..နေတောင်မထွက်သေးပါဘူး.."

နှုတ်ခမ်းကို လက်ခုံနဲ့ သုတ်ကြည့်ပြီး နှာခေါင်းရှုံ့ကာ ရေချိုးခန်းနားရောက်လာခဲ့သည်။

ညတုန်းက မီးက မှိတ်လိုက် ပွင့်လိုက် ဖြစ်သေးသည်…။

ခြောက်နာရီ ဆိုတော့ သရဲတွေ အိပ်တန်းတက်သွားလောက်ပါပြီလေ..။

ကြောက်စိတ်ရှိနေသေးလို့ တံခါးကို လှည့်ပြီး ဖြည်းဖြည်းချင်း ဆွဲ ဖွင့်လိုက်သည်။

"အား……"

"ဟင်…"

ဘဲဥ အော်လိုက်မိတာ မှားပြီမှန်း သိလိုက်သလို ကပျာကယာ ကျောခိုင်းလိုက်ကာ ဘာလုပ်ရမှန်းမသိ..။

"၀င်မလို့လား…"

"ဟင့်အင်း…ဟင့်အင်း.."

"တွိုက်လိတ် သုံးမလို့မလား..လာလေ…ဘွားတော်…"

"မသုံးဘူး….နင်…နင်..ဘာလို့..တုံးလုံးကြီး ရေချိုးနေတာလဲလို့…"

မာယာဖြူဖြူWhere stories live. Discover now